"မောင်မောင်ရေ"
"ဗျာ အချစ်"
မနက်နိုးကတည်းကလူကိုအတင်းချွဲနေတဲ့ သူလူကြီးပေါက်စလေး အခုလဲအလုပ်သွားဖို့ပြင်နေတဲ့ကိုယ့်ကို ခါးကိုလာဖက်ပြီးရင်ခွင်ထဲတိုး၀င်နေတာ။
"မောင် အလုပ်မသွားလို့မရဘူးလားဟင်"
"ဟင် ထူးထူးဆန်းဆန်းပါလားအချစ်ရဲ့ ဘာဖြစ်လို့လဲ မောင့်ကိုအလုပ်မသွားစေချင်လို့လားမောင့်အသည်းက"
ရင်ခွင်ထဲကလူကြီးပေါက်စလေး ပါးနှစ်ဖက်အား တယုတယအုပ်ကိုင်ကာ အကြည့်ခြင်းဆုံစေလိုက်ပြီးမေးလိုက်သည်။
"အဲ့လိုတော့မဟုတ်ပါဘူး ဒါပေမဲ့ မောင်နဲ့အတူတူနေချင်လို့"
သူ့လက်အား လက်သေးသေးလေးများဖြင့်အသာကိုင်ကာ နှုတ်ခမ်းလေးတစ်ထော်ထော်နဲ့ပြောနေသောသူ့အချစ်အား အသည်းယားလွန်းလို့ ဖျစ်ညစ်ပြစ်ချင်လာသည်။
"မောင့်အသည်းရယ် ဘယ်လိုလေးပြောနေတာတုန်း မောင့်ရင်ဘက်တစ်ခုလုံး ပွက်လောကိုရိုက်နေပြီ သိရဲ့လား မောင်အလုပ်မသွားတော့ဘူး မောင့်အချစ်နဲ့ပဲနေတော့မယ်ဗျာနော်"
"အွန်း ဖက်ထားပေးမောင်"
"အဲဗျာ ကလေးလေးလား လူကိုကပ်ချွဲနေတာပဲ"
"အချစ်က ကလေးမဟုတ်ပါဘူး ကလေးဆိုရင်တောင် မောင့်ကလေးလေးဖြစ်မယ်အဲ့တာကြောင့် မောင့်ကိုကပ်နေတာ"
"စကားတက်လိုက်တာကွာ ကဲ မောင်Bossကိုအလုပ်မလာကြောင်းဖုန်းဆက်လိုက်အုံးမယ် ဟုတ်ပြီလား ခဏပဲ"
"ဟုတ်"
ဧက စားပွဲပေါ်ကဖုန်းအားယူကာ Bossအားဖုန်းခေါ်လိုက်သည်။
'Hello'
'Boss ကျွန်တော်ဒီနေ့ခွင့်တစ်ရက်ယူချင်လို့'
'အင်းရတယ်လေ'
'ကျေးဇူးပါBoss'
'ရပါတယ်ကွာ ဖုန်းချပြီဟေ့'
'ဟုတ်ကဲ့Boss'
ဧကစိတ်ထဲတော့ ဒီBossဘာတွေလောနေပါလိမ့်လို့အောင့်မေ့နေသည်။
"ဟီး လာမောင် အချစ်တို့ခြံထဲမှာပန်းပင်သွားစိုက်ရအောင်"
"အလုပ်သမားတွေရှိနေတာပဲအချစ်ရယ် အချစ်ပင်ပန်းမှာပေါ့"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)