"မောင်ကလဲ ဟင့် ငါ့ကို အင့် မဆူပါနဲ့"
"........."
"တကယ်ဆို ဟင့် အဲ့တာမင်းကြောင့်လေ အင့် ဘာလို့ ဟင့် ငါ့ကိုလာဆူနေတာလဲ ဗြဲ~~"
"ခင်ဗျားဗျာ! အဲ့ဒီ့ဟာတွေကို မစားပါနဲ့လိုကျုပ်ပြောထားတယ်မလား ဟမ်!"
"........"
သော်လဲ ခေါင်းသာ တစ်ဆက်ဆက်ငြိမ့်ပြလိုက်တော့သည်။
"ဒီ ပါးစပ်ကဖြေ!"
"ဟင့် ပြောထားပါတယ်"
"အဲ့တာကို ဘာလို့စားတာလဲဟမ် ကျုပ်စကားကိုနားမထောင်တာလား ကျုပ်ကို ဂရုမစိုက်တာလား မကြောက်တာလား!"
"မဟုတ်ပါဘူး ဟင့် ငါလဲလူပဲလေ တစ်ခါတစ်လေ တော့ စားချင်မှာပေါ့"
"တော်ပြီ မငိုနဲ့တော့"
"ဟင့် အီးဟီး"
"မငိုပါနဲ့တော့ဆို!"
"ဟင့် မောင်က ငါ့ကိုစိတ်ဆိုးနေတာကို အီးဟီး"
"မဆိုးပါဘူး လာပါအုံးမောင့်ဆီ"
သူလက်နှစ်ဖက်အားဆန့်တန်းခေါ်လိုက်တော့လဲ စောင်ကြီးအားပုံချခဲ့ကာ သူပေါင်ပေါ်ကိုလာထိုင်ပြီး လည်ပင်းအား ဖက်ထားပြီး သူ့ပုခုံးပေါ်အား ခေါင်းတင်ထားသည်။သူလဲ ခါးအားပြန်ဖက်လိုက်ပြီး။
"မောင်က အချစ်ကိုစိတ်ပူသွားလို့ပါ အချစ်သာတစ်ခုခုဖြစ်သွားရင် မောင်ဘယ်လိုနေရမှာလဲအချစ်ရဲ့ ပြီးတော့ အချစ်က မောင့်စကားနားမထောင်တော့ မောင်က ၀မ်းနည်းသွားတာပေါ့"
သူအဲ့လိုပြောလိုက်တော့ သူပုခုံးပေါ်ကနေ ခေါင်းပြန်ထောင်လာပြီးသူကိုကြည့်သည်။
"ဟင့် အဲ့လိုဖြစ်သွားတာလား"
"ဟုတ်တာပေါ့"
သူက ၀မ်းနည်းနေတဲ့ မျက်နှာလေးလုပ်ကာ ခေါင်းအားအောက်သို့ငုံထားတော့ သူ့အချစ်က တကယ်ထင်သွားပြီး သူ့ ပါးနှစ်ဖက်အား လက်ကလေးများဖျင့်အုပ်ကိုင်လာပြီး မော့စေကာ။
"ငါကလေ အဲ့လိုမရည်ရွယ်ပါဘူး အင့် မောင့်ကို အရွဲ့တိုက်ချင်လို့လုပ်လိုက်တာ ဟင့် ငါနောက်ကိုမလုပ်တော့ဘူးနော် ငါက မောင့်စကားနားထောင်မှာသိလား ၀မ်းမနည်းနဲ့နော်"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)