ခင်ရဒီတစ်ယောက် သူ့ခြေထောက်အားဆောင့်ကန်သွားတာကြောင့် မကျေမချမ်းဖြစ်နေသည်။ ဘာမှလုပ်ရသေးတာလဲမဟုတ်ပဲနဲ့ အခုသူ့ခြေထောက်မှာညိုမဲဆွဲနေလေပြီ။
နှစ်ပတ်လောက်ကြာသည်ထိ သူ့ခြေထောက်က ဒဏ်ရာမှာအရောင်မကျသေးတော့ ပိုပြီးဒေါသထွက်စေသည်။
"သမီး ခြေထောက်က အရမ်းနာနေလား"
ကျစ်! စိတ်ရှုပ်ပါတယ်ဆို ဒီအဖွားကြီးတော့။
"....."
"အမေကြောင့်ငါ့သမီးလေးနာရပြီ အမေသူ့ကိုမထိန်းနိုင်လို့ပါကွယ် အမေတောင်းပန်ပါတယ်နော်"
ဒေါ်အုံမ္မာ သူ့ယောကျာ်းကိုအလွန်အမင်းချစ်သောကြောင့် သူ့ယောကျာ်းရဲ့သမီးခင်ရဒီကိုလဲပဲ ထို့အတူလိုက်ချစ်ပေးသည်။
"မလိုပါဘူး ရှုပ်ရှုပ်ရှပ်ရှပ် သွားတော့"
"အင်းပါ"
ခင်ရဒီ မှိုင်းဆိုတဲ့လူကိုကြိုက်ပါသည် သို့သော် သူ့ကိုအခုလိုအရှက်ခွဲထားတာကြောင့် လက်စားချေချင်သည့်စိတ်ဟာပိုများနေသည်။
*စောင့်နေပါ ကျွန်မသေချာပေါက်လက်စားချေမယ်*
~~~~~~~~
"ရဲနိုင် တော်တော့ဟ မင်းသောက်တာများနေပြီ ရှင်းဖို့ ပိုက်ဆံမပါဘူးမလား"
"အေး မင်းတို့ကောင်တွေက အမြဲပိုက်ဆံ ပိုက်ဆံပဲ သူငယ်ချင်းကိုစိတ်မပူပဲ ပိုက်ဆံကုန်မှာစိတ်ပူတယ်"
"မဟုတ်ပါဘူးကွာမင်းကလဲ"
"တော်ပြီ ငါပြန်တော့မယ် ရော့ပိုက်ဆံ မင်းတို့ဘာသာရှင်းလိုက်တော့"
"အေး လိုက်မပို့တော့ဘူး"
ရဲနိုင် မူးမူးဖြင့်သာ အိမ်သို့ပြန်လာခဲ့လိုက်သည်။ ကံများကောင်းလွန်းချင်တော့ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတဲ့ အလှလေးကိုတန်းတွေ့သည်။
ရဲနိုင် ယိုင်တိယိုင်တိုင်နဲ့ အလှလေးနားသွားဖို့ပြင်လိုက်ပေမဲ့ အခုမှသူမြင်လိုက်ရတာက ဘေးမှာလဲ သူ့လင်ကြီးကရှိနေသည်။
*ဒီနှစ်ယောက်ကွာတဲ့အချိန်များရှိကြသေးလား အမြဲတန်းပူးကပ်နေတာ ငါကပ်ချိန်တောင်မရဘူး*
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)