သော်တစ်ယောက် ဒီနေ့သင်တန်းကလဲပိတ်ရက်ဖြစ်နေပြီး မောင်ကလဲအလုပ်သွားတော့ တစ်ယောက်ထဲပျင်းနေတာကြောင့် နေ့လည်စာစားပြီးကတည်းက ဧည့်ခန်းတွင်ထိုင်ပြီး ဖုန်းသုံးနေသည်။ အပျင်းအပြေ ဟိုကြည့်ဒီကြည့်လုပ်နေတုန်း Messengerမှ စာ၀င်လာတာကြောင့် ကြည့်လိုက်တော့ သူ့သင်တန်းမှ အကိုတစ်ယောက်ဖြစ်နေသည်။
'ညီ'
'ဟုတ်'
သူနဲ့သိပ်မခင်ပေမဲ့ စကားလာပြောတာကြောင့် အလိုက်အထိုက်ပြန်ပြောလိုက်သည်။
'အကိုပြောစရာရှိလို့'
'ဟုတ် ဘာများလဲဗျ'
'အကို မင်းကိုစတွေ့ထဲက သဘောကျနေတာ ကိုယ်မင်းကို ချစ်တယ်ညီ'
သူခဏတာ ကြောင်အသွားသည်။ ထိုအကိုက သူ့ကိုလုံး၀ ဒီလိုပြောမယ်လို့ လုံး၀ထင်မထားပါ။သူနဲ့ သော် စကားပြောဖူးတာတောင် လက်ချိုးရေလို့ရသည်လေ။ သူငြင်းပြီး စာအားဖျက်ဖို့ပြင်လိုက်ပေမဲ့။
"အချစ်"
မောင့်ရဲ့ အသံခပ်ဩဩကြောင့် ငြင်းဖို့စာရိုက်နေတဲ့လက်ချောင်းများရက်တန့်သွားပြီး ဖုန်းကိုင်ထားသည့်လက်အားအနောက်သို့ဖွက်ကာ ဖုန်းအား ဖွက်ထားရသည်။ဒီစာကိုသာမောင်မြင်ရင် သေချာပေါက်သူ့အားသင်တန်းပေးမသွားမှာ သူသိလို့ပင်။
"လက်ထဲကဘာလဲ"
"ဘာ......ဘာမှမဟုတ်ပါဘူး မောင်ရဲ့ ပြန်လာတာ စော စောသားပဲနော်"
"ဖုန်းမလား"
"မ မဟုတ်ပါဘူး"
"ပြစမ်း!!"
မောင်က သူ့လက်ထဲမှ ဖုန်းအားဆွဲယူကာ ဖွင့်ကြည့်လိုက်တော့ Lockမချထားတဲ့သူ့ဖုန်းကြောင့် မောင်က စာတွေကိုတန်းမြင်သွားတော့သည်။ သူကြောက်ကြောက်လန့်လန့်ဖျင့်မျက်လုံးအားအတင်းမှိတ်ထားလိုက်တော့သည်။
ထိုနောက် မောင့်ရဲ့ အသံခပ်ကျယ်ကျယ်အသံဟာ ဒေါသအငွေ့အသက်များပါနေတယ်ဆိုတာ သူသိလိုက်ရသည်။
"သူကဘယ်သူလဲ!"
"သင် သင်တန်းက အကိုတစ်"
သူစကားပြောတောင်မဆုံးသေးပင် မောင်က ဖျက်ပြောလာသည်။
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)