သင်္ကြန်အကြိုနေ့ တစ်အိမ်လုံးရှိလူအကုန်လုံး ဘုန်းကြီးကြောင်းသွားကာ ကုသိုလ်ယူကြမည့်နေ့ဖြစ်သည်။
"မောင် ငါ့ကိုပုဆိုး၀တ်ပေးပါ"
သူ့နားကို ပုဆိုးအားစွတ်ထားပြီး အနားစနှစ်ဖက်အားကိုင်ထားပြီးရောက်လာသည့် သူ့ချစ်ရသူ။
"ခင်ဗျား ပုဆိုးတောင်မ၀တ်တက်ဘူးလား ဟမ်"
"၀တ်တက်ဘူး မင်း....မောင်မ၀တ်ပေးချင်ရင်လဲမင်းဆက်ကိုသွား၀တ်ခိုင်းမှာ ဟွန့်"
သော် မောင်ပြောတဲ့စကားကြောင့် စိတ်တိုကာ မင်းဆက် အားသွား၀တ်ခိုင်းမည်ဟုဆိုကာ စိတ်ဆိုးပြီး အခန်းထဲက ထွက်မည်အလုပ် မောင်က ခါးအားဖက်ထားပြီး သူ့ပုခုံးပေါ်မေးတင်ကာ ပုဆိုးအား၀တ်ပေးသည်။*ဟွန့် ကောင်စုတ် ၀တ်ပေးမှာများ အစကတည်းက ၀တ်ပေးပေါ့*
"ကျုပ်ရှိနေတာကို ခင်ဗျားက ဘယ်သူ့ဆီသွားချင်နေသေးတာတုန်း"
"ဟွန့် ငါစိတ်ဆိုးတယ်နော်"
"စိတ်ဆိုးလဲ ကျုပ်မချော့တက်ဘူး လာ သွားမယ်"
မောင်က ဒီနေ့တော်တော်ကို ခန့်နေသည်။ အပြုံးအရယ်သိပ်မရှိဘဲခပ်တည်တည်နဲ့ သူ့လက်အားဆွဲကာ အခန်းအပြင်ကို ထွက်သွားသည်။ မောင်က အကျီလက်ရှည် အပြာနက်ရောင်ကိုမှ တံတောင်စစ်ထိခေါက်ထားပြီး ပုဆိုးက လဲ နက်ပြာရောင်လေးကို အစက်လေးတွေအနည်းငယ်ပါသည်။
"Baby ကိုယ့်ကို ပုဆိုး၀တ်ပေးအုံး"
"ဟုတ် ကိုကို baby၀တ်ပေးတာကို မှတ်ထားနော် ဘုရားရောက်ရင် လူတွေကများမှာ babyတခြားနေရာသွားနေတဲ့အချိန် ပုဆိုးပြေသွားရင် ကိုယ့်ဟာကိုယ်တက်တက်လောက်၀တ်ထားနော်"
သူ့အားပုဆိုးသေချာ၀တ်ပေးနေပြီး နှုတ်ခမ်းလေးကလဲ ထော်ထော် ထော်ထော်နဲ့ မနားဆမ်းပြောနေသည်။
တကယ်က မှိုင်း ပုဆိုး၀တ်တက်ပါသည်။ သူ အလှုတွေဘာတွေသွားရင် ၀တ်သွားတာကြောင့် ပုဆိုး၀တ်တက်ပေမဲ့ သူ့အကောင်ပေါက်လေး ၀တ်ပေးတာလိုချင်လို့ပင်။
"ရပြီ"
"အင်း Baby"
"မင်းဆက်ရေ"