မင်းဆက် မနက်ကြနိုးလာတော့ ဘေးမှာကိုကိုကရှိမနေပေ။ ဒါပေမဲ့ မွှေ့ယာမှာအနွေးဓာတ်လေးနည်းနည်းကျန်နေသေးတာကြောင့် ထသွားတာသိပ်မကြာသေးဘူးထင်။
မင်းဆက် မျက်နှာသစ် သွားတိုက်ကာ အောက်ကိုဆင်းလာလိုက်တော့ ကိုကို့အားဧည့်ခန်းတွင်တွေ့ရသည်။
"ကို~~ကိုကို"
ကိုကိုက သူ့အသံကြားတာနဲ့သူ့ကိုတောင်မကြည့်ပဲ ဧည့်ခန်းမှထွက်ကာထမင်းစားခန်းထဲ၀င်သွားသည်။ မင်းဆက်လဲအနောက်ကနေလိုက်သွားပြီး စားပွဲမှာ၀င်ထိုင်လိုက်သည်။
"ကိုကို"
"........"
ကိုကိုက အတော်ကြာသည်အထိသူ့အားဘာမှပြန်ပြောမလာတာကြောင့် မင်းဆက်မနက်စာပဲငုံ့စားလိုက်ရသည်။ မင်းဆက်စားမပြီးသေးခင်ကိုကိုက ထကာ အိမ်ပေါ်ထပ်ကိုတပ်သွားတာကြောင့် မင်းဆက် မနက်စာမြန်မြန်စားလိုက်ပြီး ကိုကို့နောက်လိုက်သွားမယ်အလုပ်။
"အကိုလေး လက်ဆေးလိမ်းရပါအုံးမယ်"
"ရပါတယ် အဲ့လောက်ကြီးလဲမဟုတ်ပါဘူး"
"ကျွန်တော့်တာ၀န်မို့လို့ပါ"
မင်းဆက် ကြောင်အန်းအန်းနဲ့သာ ဆေးလူးခံလိုက်ရပြီး ကိုကို့နောက်လိုက်သွားလိုက်သည်။
ကိုကိုက အခန်းထဲမှာမရှိတာကြောင့်စာကြည့်ခန်းထဲ ၀င်သွားလိုက်တော့မှ ကိုကို့ကိုတွေ့ရသည်။
"ကိုကို"
".........."
"ကိုကိုလို့"
မင်းဆက် ကိုကို့နားသွားကာ ကိုကို့ပေါင်ပေါ်ဘေးတစ်စောင်း၀င်ထိုင်လိုက်ပြီး ကိုကို့ရဲ့လည်ပင်းအားဖက်ထားလိုက်သည်။
ကိုကိုကစိတ်ဆိုးနေတာကြောင့် သူ့ကိုတော့ပြန်မဖက်ထားပေ။
"ဘေဘီ့ကိုစိတ်မဆိုးပါနဲ့လို့ နော်"
"............"
"နောက်တစ်ခါ ကိုကို့ ကိုနိုးအောင်နှိုးမယ် တစ်ယောက်ထဲဘာမှမလုပ်တော့ဘူး ဘေဘီ့ကိုမသနားဘူးလားဟင် ဟင့် ဘေဘီ လက်ကလဲနာကိုကိုကစိတ်ဆိုးနေတော့ နှလုံးသားလေးကလဲ နာနေတာ အွန့် အွန်းး"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)