"မင်းဆက်"
"ဟင်"
အကိုမှိုင်းအနားထိုင်ကာ စိတ်နဲ့လူနဲ့မကပ်တဲ့ပုံဖြစ်နေတဲ့ မင်းဆက်အား အကိုမှိုင်းက အရိပ်တစ်ကြည့်ကြည့် လုပ်နေသည်။
"မင်း အဒေါ်တစ်ယောက်က တစ်မျိုးပဲနော် တစ်ခြား နှစ်ယောက်နဲ့မတူဘူး မခင်ဇာရီကကြတော့အေးအေးဆေးဆေးလေးနေတယ် မခင်နွယ်ချစ်က ကြတော့ ဖော်ရွေတယ် သူတစ်ယောက်ပဲ ကွဲထွက်နေတာနော်"
"သူကအဲ့လိုပဲမို့ပါ စိတ်ထဲမထားပါနဲ့"
"အေးပါ "
"baby ကိုယ့်ရှေ့လာထိုင်"
ကိုကိုက ပေါင်အားကားပေးထားကာ သူ့အရှေ့တွင်ထိုင်စေလိုက်သည် နောက်ပြီး သူ့ခါးအားလက်တစ်ဖက်နှင့် ဖက်ထားပြီး နောက်တစ်ဖက်မှဖုန်းအား ကိုင်ထားပြီးသူ့ကိုပြသည်။(ဟိူလိုမျိုးကွာ ခုံးအရှည်ပေါ်ထိုင်းပြီးတော့ မှိုင်းက ပေါင်ကိုကားပေးတော့ အရှေ့မှာ ထိုင်လို့ရသွားတာ)
" baby ရွေးကြည့် ဘယ်လိုဟာလေး သဘောကျလဲ"
ကိုကိုက လက်စွပ်ပုံလေးများအား သူ့ရွေးခိုင်းလာသည်။
"ကိုကို ၀တ်ဖို့လား"
"အင်း"
*Babyနဲ့ အတူတူပေါ့*
"အွန်း"
ကိုကို ရွေးခိုင်းသည့်လက်စွပ်တွေအားလုံးမှာ နှစ်ကွင်းတွဲတွေကြည့်ဖြစ်နေသည်။မင်းဆက်ရွေးနေတုန်း အနားသို့ မမငယ်နဲ့ မမကြီးက ရောက်လာပြီး မမကြီးက သူတို့ဘေးကပ်ရပ်တွင်၀င်ထိုင်လာသည်။
မင်းဆက်လဲ ဘာမှထွေထွေထူးထူးလုပ်မနေပဲ လက်စွပ်သာဆက်ရွေးနေလိုက်သည်။
"အကြီးမ=ဟဲ့ မင်းဆက် နင်ဘာတွေကြည့်နေတာတုန်း"
"အငယ်မ=ရော့ သော်တို့ စားကြအုံး မောင်လေးရော အကိုရောစားနော်"
"ဟုတ်မမငယ် သားက ကိုကို့ အတွက်လက်စွပ်ရွေးပေးနေတာ မမကြီး ဘာလို့လဲ"
"အကြီးမ=ငါ ကူရွေးပေးရမလား"
"အာ......"
"baby ရွေးပြီးပြီလား"
"ဟုတ် ဒါလေး သဘောကျတယ် ကိုကိုနဲ့လဲ လိုက်လောက်တယ်"
"အင်း ကိုယ်မှာလိုက်မယ်"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)