"မင်းဆက် ကြာလိုက်တာကွာ မရောက်သေးဘူးလား"
"ရောက်တော့မှာပါ ဟိုနားတင်"
သူတို့ရွာက ရွာတောင်ပိုင်း အစွန်ဘက်ကို တော်တော်ရောက်သဖြင့် ရွာအလည်ကို ရောက်ဖို့ အနည်းငယ် လမ်းလျှောက်ရသည်။
"ခင်ဗျားမောနေတာလား ကျုပ်ချီမယ်"
"အာ ရတယ်မောင်ရဲ့ လူတွေနဲ့ကို ရှက်စရာကြီး"
"အဲ့လူတွေကို ဂရုစိုက်မနေစမ်းနဲ့!!"
"အင်းပါ ငါမမောပါဘူး မောင်ရဲ့"
မောင်က သူကလွဲပြီးတခြားသူတစ်ယောက်ကို ဂရုစိုက်တာ လုံး၀မကြိုက်ပေ။ ဟိုတစ်နေ့ ကဆိုရင် မောင့်အိမ်က ခွေးအကြီးကြီးတစ်ကောင်ကို ပွတ်ပေးမိလို့ဆိုပြီး ခွေးလေးကို သူ့တပည့် တစ်ယောက်ကိုပေးပစ်လိုက်တယ်လေ။
"ကိုကို~~"
"ဟင် Baby"
"ဟိုလေ~~~"
"အင်း"
"ရေတွင်းရောက်ရင်လေ"
"အင်း"
"ကိုကို့ ကို သူများတွေ ကြည့်မှာ"
ဟုခေါင်းလေးငုံ့ကာ ပြောလာသည့် သူ့အကောင်ပေါက်လေး။ ဘာများလဲလို့ သ၀န်တိုနေတာကိုး။
"ဟော်ဗျာ အဲ့တာဘာဖြစ်လို့လဲ"
"ba.....baby သ၀န်....တိုတယ်"
"ဘာဖြစ်လို့သ၀န်တိုတာလဲ "
"b....baby ချစ်သူလေ~~~"
"ကိုယ့် ကိုသူများတွေမမြင်အောင် babyက ကွယ်ပေးထားလေ"
"ကိုကို့ ခန္ဓာကိုယ်ကြီး babyက ဘယ်လိုကွယ်နိုင်မှာလဲ!"
"Babyကွာ!"
လက်ထဲမှ ပုဆိုးလေးအားဆုတ်ကိုင်ကာ နှုတ်ခမ်းလေး ဆူနေပုံက တကယ်ကို အသဲယားစရာ။ ဘယ်သူမှမမြင်အောင်သာ ဖွက်ထားလိုက်ချင်သည်။
"baby ရေမငှင်နဲ့ လေးတယ်"
"ရပါတယ် ကိုကိုရဲ့"
"Baby!"
"ကျွန်တော်ရေခပ်ပေးပါမယ် boss"
"ရတယ် ငါ့ဘာသာခပ်မယ်"
"ဟုတ်ကဲ့"
"မင်းတို့ ဟိုဘက်နားချိုးလိုက် ငါတို့ ဒီဘက်မှာချိုးမယ်"
VOUS LISEZ
အချစ်ကBaby.....(ရပ်နား)
Roman d'amourဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)