Part 28

8.5K 304 23
                                    

သူထိုလူနဲ့ ရုန်းရင်းဆန်ခက်ဖြစ်နေပေးမဲ့ ဘေးမှ လူတွေက ဘယ်သူ့မှသူ့ကိုမကူညီကြပဲ ဒီအတိုင်းသာ မိန့်မိန့်ကြီးရပ်ကြည့်နေကြသည်။ ထိုလူက သူ့ ဆံပင်များအားစတင်နမ်းရှိုက်လာတာကြောင့်ခတစ်ယောက် ​ကြောက်လာမိသည်။ထိုအချိန်မှာပဲ ထိုလူ့ရဲ့ အနောက်ကို Daddyရဲ့ လူမဲမဲတွေရောက်လာပြီး အရပ်အရှည်ဆုံးတစ်ယောက်က သေနပ်နဲ့ ထိုလူ့ခေါင်းအားချိန်လိုက်သည်။

"မသေချင်သေးရင် လွှတ်လိုက်!!"

"မင်းတို့ ငါ့ကိုသတ်လိုက်မယ်ဆိုရင် အကြိုးဆက်ကိုသိကြလား"

"ကျုပ်ကလဲမလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာခင်ဗျားသိလား 1 2 "

ထိုအရပ်ရှည်ရှည်နဲ့လူကက နံပါတ်စဥ်ရေတွက်သည်။ ထိုကြတော့မှ ကြောက်ကြောက်လန့်လန့်နဲ့သူ့ခါးအားဖက်ထားသည့်လက်များလွှတ်ပြီး ထွက်သွားတော့သည်။အဲ့တော့မှသူလဲအသက်၀၀ရှူရသည်။

Daddy လူ လေးယောက်က သူ့အနားရောက်လာပြီး အဲ့ထဲမှ လူတစ်ယောက်က။

"အဆင်ပြေရဲ့လား သခင်လေး"

"ဟုတ် ဟုတ်ပြေပါတယ်"

"ချက်ချင်းမရောက်လာမိတာတောင်းပန်ပါတယ် ကြောက်နေလားဟင်"

"နည်း နည်းနည်းပါခင်ဗျ"

"ကျွန်တော့နာမည်က မိုးသက်လေပြေပါဗျ အသက်က 22ပါ"

သူဘေးက တစ်ယောက်က အရင်နှုတ်ဆက်လာတော့ ဘေးမှ ရုပ်ချင်းတော်တော်ဆင်သည့် လူနှစ်ယောက်ကလဲ သွက်သွက်လက်လက်နဲ့နှုတ်ဆက်လာသည်။

"ကျွန်တော့်နာမည်က နှင်းနေနိုင်ပါ"

"ကျွန်တော်က နေနှင်းနိုင်ပါ အမွှာညီကိုတွေပါဗျ အသက်က 22ပါ"

ဪ ဒါ့ကြောင့် ရုပ်ချင်းဆင်နေတာကိုးး။

"ဟိုဘက်က တစ်ယောက်နာမည်ကတော့ စိုင်းသီဟလွင်ပါဗျ အသက်က 25ပါ ကျွန်တော်တို့ လေးယောက်က သခင်လေးကိုကာကွယ်မဲ့ ပါ၀ါဒိန်းဂျား လေးကောင်ပါ ယားး"

ထိုတစ်ယောက်က ထိုသို့ပြောပြီး ခြေထောက်အားအနည်းငယ်ကားလိုက်ကာ လက်နှင်ချောင်းအား အရှေ့သို့ဆန့်တန်းလိုက်တော့ ဘေးက နှစ်ယောက်မှာလဲ ထိုအတိုင်းလိုက်လုပ်ကြသည်။ ခ သူတို့၏ အပြုအမူကြောင့်နည်းနည်းတောင်​ပြုံးမိသွားမိသည်။ ကျန်နေသည့်အရပ်ရှည်ရှည် တစ်ယောက်ကတော့ ထိုသို့လိုက်မလုပ်ပေ။

အချစ်ကBaby.....(ရပ်နား)Where stories live. Discover now