မင်းဆက် မနက်နိုးလာတော့ ကိုကို့ရဲ့ကုတင်ပေါ်မှာ သူက ကိုကို့ အားခွထားပြီးဖက်ထားသည်။
အိပ်ချင်စိတ်လဲသိပ်မရှိတော့တာကြောင့် ထထိုင်လိုက်ပြီး ညက ဘာတွေဖြစ်သွားလဲဆိုတာပြန်စဥ်းစားလိုက်သည်။
ချက်ချင်းတော့မမှတ််မိပေမဲ့ နည်းနည်းကြာလာတော့ ညက ပုံရိပ်တွေကိုပြန်မြင်ရောင်လာသည်။ နားထဲကလဲ ထိုညက အသံများပြန်ကြားလာရသည်။
မင်းဆက်ရှက်လွန်းလို့လဲ သာသေလိုက်ချင်သည်။ ဒီကိစ္စကြောင့် ကိုကို့ ကိုလဲမျက်နှာမပြရဲတော့ပဲ အသာလေးအိမ်သို့ ထပြန်ခဲ့လိုက်သည်။
မင်းဆက်တွေးလိုက်တာက။ ကိုကို့ ကိုရှောင်နေလိုက်မယ် လက်ထက်ပြီးတဲ့ထိ မျက်နှာမပြဘူး တစ်သက်လုံးရှောင်နေလိုက်တော့မယ်ဟုပင်။
မှိုင်းနိုးလာတော့ သူ့ဘေးက ကောင်လေးကိုမတွေ့ရတာကြောင့် ဒီကလေးရှက်ပြီးအရင်ကြနထသွားတာထင်တယ်လို့တွေးလိုက်သည်။
သူဒီကလေးကို မြန်မြန်လက်ထက်မှပဲ မဟုတ်ရင် စိတ်မချတာနဲ့သေနိုင်တယ်လေ။ လက်သန်းကြွယ်မှ လက်စွပ်လေးအားကြည့်ပြီးပြုံးလိုက်မိသည်။ တကယ်ဆို သူက ဘေဘီကိုပြန်ပို့ပေးရမဲ့ဟာကို ခဏနေမှပဲ ဘေဘီ့အိမ်သွားလိုက်ပါတော့မယ်လေ ဒီနေ့ကအလုပ်ပိတ်ရက်လဲ ဖြစ်တယ်ဆိုတော့ တစ်နေကုန်အားနေမှာ။
အဲ့တာနဲ့ပဲ ရေမိုးချိုးအ၀တ်စားလဲပြီးမနက်စာစားလိုက်ကာ ဘေဘီ့အိမ်သို့ထွက်လာခဲ့လိုက်သည်။
"ဟယ် သား ဘယ်လိုရောက်လာတာတုန်း"
"ဘေဘီ့ဆီကိုလာတာပါဗျ"
"ဟင် သားငယ်မရှိဘူး အပြင်သွားတယ်သားရဲ့ အမေကတောင် သားအိမ်ကိုသွားတယ်ထင်နေတာ"
"အာ မနက်ကတည်းက သူဟာသူအရင်နိုးပြီးပြန်သွားလို့ ကျွန်တော်လာတာပါ အမေ"
"အယ်တော် ဒီကလေးကတော့ ဘယ်ကိုသွားတာဆိုတာလဲ ပြောမသွားဘူး"
"ရပါတယ် ကျွန်တော်ဖုန်းဆက်လိုက်ပါမယ်"
မှိုင်းဖုန်းဆက်ကြည့်တော့လဲ စက်ပိတ်ထားသည်။
ဒီကလေးဘာတွေဖြစ်နေတာလဲကွာ။
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)