"ဟင့် သွား ငါ့နောက် ဟင့် မလိုက်နဲ့"
"အချစ်ကဗျာ ကျွန်တော်က စတာလေ"
"ဟင့် မသိဘူး မလိုက်နဲ့ ဆို ဟင့် မလိုက်နဲ့"
"လမ်းလယ်ခေါင်ကြီးမှာ ငိုနေတာ မရှက်ဘူးလား"
"ဘာရှက် ဟင့် ရှက် ရမှာလဲ အင့် မင်းရှက်ရင် ဟင့် ငါနောက်က မလိုက်နဲ့ "
"နေပါအုံးဗျာ"
"ဟင့် လွှတ် အင့်"
"ကျွန်တော့်ကိုမချစ်ဘူးလား"
မောင်က သူ့အား လက်နှစ်ဖက်နဲ့သိမ်းကျုံးကာ ဖက်ထားတာကြောင့် သူဘယ်လိုမှရုံးမရပေ လမ်းမှ လမ်းမှလူတစ်ချို့ကလဲ ကွက်ကြည့်ကွက်ကြည့်လုပ်လာကြတာကြောင့် သူလဲ ရုံးမနေတော့ပဲ ငြိမ်ပြီးသာနေလိုက်သည်။
"ဟင့် ဖယ်ပေး"
သူလေ ငြိမ်ငြိမ်နေကာ အသံအေးအေးဖျင့်ပြောလိုက်တော့မှ လွှတ်ပေးလာပြီး သူ့အားကြည့်လာသည်။
"ကျွန်တော် တောင်းပန်ပါတယ်အချစ် အေးတိအေးစက်နိုင်တဲ့အတွက်ရော စ မိတဲ့အတွက်ရော"
မောင်က ခေါင်းလေးငုံကာ ထိုသို့အသံသေးသေးလေးနဲ့ပြောတော့ ဒီလူက ခံနိုင်ရိုးလား အမျိုးမျိုးကို ပြုစားနိုင်တဲ့ကောင်လေး။
" ဟင့် လူဆိုးကောင် လေး"
" အွန်း မောင်က လူဆိုးကောင် အချစ်ကိုငိုအောင်လုပ်မိတယ်"
"ဟင့်"
မောင်က သူ့ကိုဆွဲဖက်လာသည်။ ဒီတစ်ခါတော့သူမရုန်းတော့ပဲ မောင့် လည်ပင်းအားပြန်သိုင်းဖက်လိုက်သည်။ မငိုတော့ပေမဲ့ ရှိုက်သံလေးတွေက ထွက်နေသေးသည်။
"မောင် ပြန်ရအောင် ဟင့် လူတွေကြည့်နေတယ်"
"ကြည့်ပေါ့"
"ငါရှက်တယ် မောင်"
"အင်း ပြန်ကြမယ်နော်"
မောင်က သူ့ လက်အား ဆွဲကာ အရင် လျှောက်သွားသည်။ အနည်းငယ်ကြာတော့မှ မောင်က စကားပြောလာသည်။
"မောင်က စတာကို အချစ်က ဘာလို့ငိုတာလဲ ကလေးလား"
"အွန်း ငါက မောင့်ကလေးလေးပါဆို"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)