Part 34

8K 249 19
                                    

ကိုကိုက ဆေးရုံက အပြန်သူ့ကိုအိမ်ပြန်လိုက်ပို့ပေးသည်။မှိုင်းပြန်တော့မလို့လုပ်တုန်းမှာပဲ ဘေဘီ့အမေက နည်းနည်းမှောင်နေပြီမို့ ဒီမှာပဲအိပ်သွားလိုက်လို့ပြောတာကြောင့် ဒီမှာပဲအိပ်ဖို့ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ အရင်ကလိုဘေဘီ့အခန်းထဲမှာမဟုတ်ပဲ အခန်း တစ်ခန်းသက်သက်စီစဥ်ပေးသည်။

"ဘေဘီ စောစောအိပ်ရမယ်လေ မနက်ကြ အစောကြီး ထ ရမှာကို သွားအိပ်တော့"

"သွားချင်သေးဘူး"

'ဖြန်းး!'

"အာ့ ကိုကိုဘာလို့ရိုက်တာလဲ"

သူ့ရင်ခွင်ထဲအားမှောက်ယက်လေး၀င်ကာ ဖက်ထားတာကြောင့် လုံးလုံးစက်စက် မက်မွန်းသီးလေးအား စိတ်မထိန်းနိုင်စွာ ခပ်စပ်စပ်လေး တစ်ချက်ရိုက်မိတော့ မျက်စောင်းလေးထိုးကာ စိတ်ဆိုးတဲ့လေသံလေးနဲ့မေးလာသော ဘေဘီ။

"အသဲယားလို့လေကွာ! ဒါလေးတွေကို!"

ကိုကိုက အံကြိတ်သံနဲ့ပြောလာပြီး သူ့ မက်မွန်သီးလေးအား ဂျုံနယ်သလို အားဖြင့် ဆုတ်နယ်လာသည်။

"အာ့ ကိုကို! အင့် ဖယ်~~~အာ့"

"ဘောင်းဘီပေါ်ကတောင် အိစက်နေတာပဲကွာ"

'ဖြန်း  ဖြန်း ဖြန်းး!!'

"အာ့ ကိုကို ဟင့် နာပါတယ်ဆို"

မှိုင်း  အသဲယားစွာ သုံးချက်လောက်အားများများဖြင့် ဆင့်ရိုက်လိုက်တော့ နာသွားသည့် ကောင်လေးက မျက်ရည်များပင် ​ေ၀့သည်လာရသည်။

"ဟင့်~~တော်ပြီ~~~သွားအိပ်တော့မယ်~~Goodnight နာဘူးကြီး"

"ဟုတ်ပါပြီဗျာ Goodnightပါ"

လက်နှစ်ဖက်နဲ့ မက်မွန်းသီးလေးအားပွတ်ကာ ကော့တော့ကော့တော့ဖြင့်ထွက်သွားသော သူ့ဘေဘီကြောင့် ပြုံးမိလိုက်သည်။

ဒါနဲ့ပဲ မီးပိတ်ပြီး စောင်ခြုံကာ အိပ်ဖို့ပြင်လိုက်သည်။ည 1နာရီရောက်သည်ထိ မနက်ဖြန်အကြောင်းတွေးကာစိတ်လှုပ်ရှားပြီး အိပ်မပျော်ပေ။

ဒါနဲ့ ရေဆာလာတာကြောင့် အောက်ထက်က မီးဖိုခန်းထဲမှာရှိတဲ့ ရေခဲသေတ္တာသို့သွားလိုက်ပြီး ရေယူသောက်လိုက်သည်။

အချစ်ကBaby.....(ရပ်နား)Where stories live. Discover now