"ကိုကိုး"
"ဗျာ"
"ဘေဘီ အခန်းထဲခဏသွားလိုက်အုံးမယ်"
"ဘာသွားလုပ်မှာလဲ ကိုကိုလဲလိုက်မယ်"
"ကိုကိုက မလိုက်နဲ့ ခဏပဲဆို"
"ကဲ ဟုတ်ပါပြီဗျာ"
ဧည့်ခန်းမှာအတူတူထိုင်နေကြတုန်း ကလေးပေါက်စက ရင်ခွင်ထဲကထွက်ပြီး အိမ်ပေါ်ထပ်ပြေးတက်သွားသည်။
"ဘေဘီ ဖြေးဖြေးတက် ချော်လဲမယ်"
"ဟုတ်!"
ခဏကြာတော့ လက်ထဲမှာလဲ ချောကလပ်တွေသကြားလုံးတွေ အာလူးကြော်ဗူးတွေပိုက်ထားတာ မျက်နှာလေးတောင် နည်းနည်းအုပ်နေသည်။
အဲ့တာတွေကို မှန်စားပွဲကြီးပေါ်တင်ပြီး။
"သီတင်းကျွတ် မုန့်နဲ့ကန်တော့တာ ဟီး"
"ဟော...ဘေဘီကတော့ကွာ"
သူ့ဘေဘီက သူ့ရှေ့မှာ ထိုင်ကာသုံးကြိမ်ကန်တော့ပြီး လူပေါ်ပြန်တက်ကာ ဖက်လာသည်။
"ကိုကိုက ဆုပေးလေ"
"ဟုတ်ပါပြီဗျာ ကိုကို့ရဲ့ဘေဘီလေးအများကြီးပိုချောပါစေဗျာ"
"ဟီး အဲ့ဆုပေးတာပြည့်ပါစေ တကယ်ကြိုက်တယ်"
"မုန့်ဖိုးယူအုံးမလား"
"ယူမယ်"
"ကဲ ဘယ်လောက်ယူချင်လဲဗျာ"
"ဒီလောက်ကြီး"
ရင်ခွင်ထဲကကလေးက လက်တွေကိုဆန့်တန်းကာ အကြီးကြီးဆိုပြီးလုပ်ပြလေသည်။
"ဘေဘီလေးရယ် ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ ကိုကိုစိတ်မထိန်းနိုင်ဘူးကွာ!"
"ကိုကိုက နှာဘူးကြီး! အမြဲတန်းစိတ်မထိန်းနိုင်တာကြီးပဲ!"
"ကိုကိုကနှာဘူးကြီးဟုတ်ပါဘူးနော်!"
"အယ် အဲ့တာဘာရုပ်လေးလဲ ခိခိ"
ကိုကိုက မျက်မှောင်ကျုန့်ကာ နှုတ်ခမ်းကိုလဲထော်ထားသေးသည်။ အားး ချစ်စရာကြီး။
"ချစ်စရာကြီး ကိုကိုက ဘေဘီ့အပိုင်"
"ဒါပေါ့ဗျာ ရော့ ဒီကဒ်ထဲမှာ ဘေဘီ့မုန့်ဖိုး"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)