အသော်နေ့လည်ကမင်းဆက်၏ကိုကြီးဆိုသူနှင့်သွားမိတ်ဆက်ပြီးအပြန် မင်းဆက်နှင့်မုန့်၀င်စားကြပြီးခဏကမှအိမ်ကိုပြန်ရောက်သည်။ရောက်ရောက်ချင်း ခဏနားပြီး ရေချိုးလိုက်သည်။
ရေချိုးနေရင်းပင် နေ့လည်က ဟိုကောင်လေးကြောင့် စိတ်ရှုပ်နေရသည်။
*ငါ့ဖုန်းကဒ်များလဲလိုက်ရမလား မသိတော့ဘူးကွာ!*
စိတ်ရှုပိရှုပ်နဲ့ရေသာအကြာကြီးချိုးလိုက်သည်။အသော်လဲ တော်တော်ကြာတော့မှရေချိုးလို့ပြီးသွားပြီး ရေချိုးခန်းထဲမှထွက်လာပြီး ခေါင်းအားရေခြောက်သွားအောင်သုတ်နေသည်။
'ဒီးးး ဒီးးး ဒီးးး'
"ဟင် ဘယ်သူပါလိမ့် ငါသိတဲ့နံပါတ်လဲမဟုတ်ဘူး"
အသော်ဖုန်းအားကိုင်ရမလားမကိုင်ရဘူးလားစဥ်းစားနေတုန်းမှာပင် ဖုန်းလေးဟာကျသွားခဲ့သည်။
'ဒီးး ဒီးးး'
အသော်ဖုန်းမှမက်ဆေ့၀င်သံကြားလို့ ဖုန်းအားကောက်ကြည့်လိုက်တော့။
'ခင်ဗျားဖုန်းမကိုင်ဘူးဆို ခင်ဗျားအိမ်ကိုကျုပ်လိုက်ခဲ့ရလိမ့်မယ် '
'ဒီးးးဒီးးးဒီးးး'
ဟန်လင်းသော်စာအားဖတ်နေတုန်းမှာပင် ခဏကဖုန်းစိမ်းပြန်၀င်လာတာကြောင့် စိတ်ရှုပ်ရှုပ်နဲ့ပင်ဖုန်းအားကိုင်လိုက်သည်။
"Hello"
"အဟက်!! ကျုပ်ပါ"
"သိတယ် ဘာကိစ္စဖုန်းဆက်တာလဲ!"
"ကိစ္စရှိမှဖုန်းဆက်ရမှာလား ကျုပ်နဲ့ခင်ဗျားနဲ့က -ိုးတောင်ပြီးကြပြီကို!"
"မင်း! မရိုင်းနဲ့"
"အဟွန်း! ကျုပ်မရိုင်းပါဘူး ရိုင်းရင် ခင်ဗျားကိုနေ့လည်ကတည်းက တက်လုပ်မှာပေါ့"
"မင်း!!"
ဟန်လင်းသော်စိတ်တိုတိုဖြင့် ဖုန်းအားချရန်ပြင်လိုက်ပေမဲ့တစ်ဖက်မှကြားလိုက်ရတဲ့စကားသံကြောင့် ဖုန်းအားချမည့်လုပ်သည့်လက်များရက်တန့်သွားသည်။
"ဟေး! ဖုန်းချဖို့မကြံနဲ့နော် ခင်ဗျားအိမ်ကိုကျုပ်လိုက်လာခဲ့မှာ"
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)