မှိုင်းတစ်ယောက် တစ်နေ့လုံးဟိုကလေးကဖုန်းမဆက်သေးတာကြောင့် နေမသာထိုင်မသာဖြစ်နေရသည်။အဲ့တာနဲ့ပဲ သူဖုန်းအားယူကာ ထိုကလေးအားကိုယ်တိုင်ပဲဆက်လိုက်ရတော့သည်။
*ကလေးစုတ် ငါ့ကိုဖုန်းတောင်မခေါ်ဘူး တွေ့တဲ့အခါကြမှ အသက်ရူကျပ်အောင်နမ်းပြီးအပစ်ပေးလိုက်မယ်*မှိုင်းဖုန်းအားယူကာ ငါးခါလောက်ဆက်တိုက်ခေါ်ပေမဲ့ မကိုင်တာမို့ သူဒေါသများအလိတ်လိတ်ထွက်သွားရသည်။
*ကျစ် ဘာလို့ဖုန်းမကိုင်ရတာလဲ -ီးပဲကွာ!*
"ဧက!!"
"ဗျာ Boss"
"ငါအပြင်ခဏသွားအုံးမယ်"
"နိုင်ငံခြားသားတွေနဲ့ အရေးကြီးအစည်းေ၀းတက်စရာရှိပါတယ်Boss"
"မင်းပဲတက်လိုက်တော့"
"-- _ --"
~~~~~~~~~~~~~
မှိုင်းတစ်ယောက် ထိုကလေးအိမ်သို့သွားပေမဲ့ အိမ်မှာမရှိဘူးဆိုတာကြောင့် ထိုကောင်လေးသွားသည့်နေရာအားမေးပြီး ထိုကောင်လေးရှိရာသို့လိုက်လာသည်။ဟောတွေ့ပါတယ် အရုပ်သေးသေးလေးတစ်ခုအားကိုင်ကြည့်ပြီးပြုံးနေသည်။သူ့ဘေးနားတွင်လဲ သူ့သူငယ်ချင်းကောင်လေးရှိနေသည်။သူ့ဖုန်းဆက်တာကိုတောင်မကိုင်နိုင်ပဲ တော်ပျော်နေပုံရတဲ့ကောင်းလေးအား မှိုင်းစိတ်တိုမိတာကြောင့် ထိုကောင်လေးရှိရာဆိုင်ထဲအား၀င်သွားပြီး လက်အား ကြမ်းကြမ်းဆုတ်ကိုင်လိုက်သည်။
"လာခဲ့စမ်း!!!"
"အာ့ ကို ကိုကြီး နာတယ် အသော် နောက်မှတွေ့မယ်နော် တာ့တာ"
"အာ အေး"
အသော် အဖြစ်ပျက်များအားဘာမှပင်မသိလိုက်ပဲ ကြောင်အမ်းအမ်ဖြင့် ပြန်ဖြေလိုက်ရသည်။
ကိုကြီးမှ လက်အားဇွတ်ဆွဲကာ ခေါ်နေသည်ကြောင့် အသော့်အားမြန်မြန်နှုတ်ဆက်ကာကိုကြီးခေါ်ရာသို့ပါလာသည်။
"ကားထဲ၀င်!!"
"ဟု ဟုတ်"
မင်းဆက်နည်းနည်းကြောက်မိသည်။ကိုကြီးမှာ တစ်ခုခုကိုဒေါသထွက်နေသလိုလိုရှိနေတာမို့။သူ့ကိုများစိတ်ဆိုးနေတာလား။
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)