အခု သူတို့အားလုံး ရွာထိပ်က အိမ်တွင် ရေပတ်ဖို့စုနေကြသည်။ ထိုအိမ်တွင် မုန့်လုံးရေပေါ်လုပ်နေသည့် မိန်းကလေးအဖွဲ့လဲ ရှိသည်။ ယောကျာ်းလေးသိပ်မရှိ သူတို့လေးယောက်သာရှိသည်။ ထိုမိန်းကလေးများကလဲသူ့ ကိုကိုအားကြည့်ပြီးရှက်ပးပြုံးပြုံးနေကြသလိုပင်။ မင်းဆက် စိတ်တော်တော်မကြည်တော့ပါ.......
ထိုအချိန် ကိုကိုက မင်းဆက်၏ခါးအားဖက်လာပြီး သူ့ဖက်ကိုလှည့်စေကာ
"baby မျက်နှာလေးက ဘာလို့် မှုန်သိုးသိုးလေးဖြစ်နေရတာလဲ ဟမ်"
"ဟွန့် ဟိုမမတွေက ကိုကို့ ကိုကြည့်ပြီး ပြုံးပြုံးကြီးတွေလုပ်နေတာ ဒီလိုလေ"
အကောင်ပေါက်လေးက မျက်နှာအား ပြုံးတဲ့ပုံစံလေးလုပ်ကာ မျက်နှာအား အောက်၀ှက်ပြီးရှက်တဲ့ပုံစံလေးလုပ်ပြကာ မျက်နှာလေးက ဆူပုတ်နေသည်။
"ကိုယ့်ကို သ၀န်တိုနေတယ်ပေါ့"
"အွန်း"
'ပြွတ်'
"ရပြီလား"
ကိုကိုက သူ့နှုတ်ခမ်းအား လာနမ်းပြီး ပြုံးပြကာရပြီလားဟု မေးသည်။
"အွန်း"
အကောင်ပေါက်လေးက သူ့အားကြည့်မလာတော့ပဲ ခေါင်းလေးအား အောက်ငုံ့ကာ ဖြေလာသည်။
မှိုင်းကို ကြည့်နေတဲ့ မိန်းကလေးများလဲ သဘောပေါက်သွားတာကြောင့် သူတို့အလုပ်သာဆက်လုပ်နေကြသည်။
တစ်ဖက်က ဧကတို့အတွဲမှာလဲ.....
"ကျစ်! ခင်ဗျား အဲ့ လမ်းပေါ်ထိ တက်ပြီးမပတ်နဲ့လို့ ကားကြိတ်သွားလိမ့်မယ်နားလည်လား!!"
"ဟွန့် လူဆိုးကောင် ငါ့က်ို့ အမြဲဆူနေတယ် မပတ်တော့ဘူးဟာ"
'ဂွက်'
သော် ရေဖလားအား ရေပုံးထဲသို့ ဆောင့်ချလိုက်သည်။သော် လမ်းပေါ်တအားကြီးမတက်ပါ လမ်းအလယ်ကျော်ကျော်လောက်ထိပဲ တက်ပတ်တာကို မောင်ကလာဆူနေတယ် သူလဲ လမ်းပေါ်တက်ချင်ပါ့မလား ဆိုင်ကယ်တွေက ဟိုဘက် ကပ်ကပ်မောင်းတာကို အဲ့တော့ သူလိုက်ပတ်တာ အမှားလား။
"ကျစ်!"
"ဟွန့်"
သော် ရေမပတ်တော့ပဲ ဘေးမှ အုတ်ခုံလေးပေါ်အားသွား ထိုက်နေတော့ မောင်က သူ့အနားကို ရောက်လာတာကြောင့် သူတခြားနေရာ ပြောင်းထလိုက်ပေမဲ့ မောင်က သူ့ပေါင်ပေါ်အားဆွဲချကာ ထိုင်စေသည်။ သူ့ ခန္ဓာကိုယ်သေးသေးလေးက မောင့်ပေါင်ပေါ်တက်ထိုင်လိုက်တော့ ကလေးသေးသေးလေးလိုပင် ချစ်စရာကောင်းနေသည်။
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)