"Boss ဒီနေ့ ကျွန်တော်သွားစရာရှိလို့ ရုံးစောစောဆင်းချင်ပါတယ် ခွင့်ပြုပေးနိုင်မလားBoss"
"အင်း ငါခွင့်ပြုပါတယ်"
"ကျေးဇူးပါBoss"
"မင်းအခု ရုံးဆင်းချင်ဆင်းလိုက်တော့ ဧက"
"ဟုတ်ကဲ့Boss"
"ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါအုံး"
"အင်း"
ဧက ရုံးစောစောဆင်းချင်သည်ဆိုသည့်အကြောင်းက။
"ကဲ သေချာကြည့်ထားကြနော် Creamပုံဖော်တာကို"
"ဟုတ်ကဲ့!!"
"ကဲ ဒီလိုမျိုးလေး လုပ်လိုက်ရင်ရပြီ မှတ်မိကြလား"
"ဟုတ်ကဲ့"
အသော်တစ်ယောက် cakeလုပ်နည်း သင်တန်းမှာတက်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။ဒီအတိုင်းနေမည့်အတူတူတော့ သူဝါသနာပါသည့် cakeလုပ်နည်းသင်တန်းအားတက်တာပိုအကြိုးရှိမည်လို့ထင်လို့ဖြစ်သည်။
ထိုအချိန် တံခါးအားဖွင့်ဝင်လာသူဧကကြောင့် တစ်တန်းလုံး ကြောင်အသွားကြသည်။ အသော့်မှာတော့ ဧက၀င်လာသည်ကိုမသိပဲ cakeပေါ်သာအာရုံရောက်နေသည်။ဧက ထိုလူတက်နေသည့်မုန့်ဖုတ်သင်တန်းအားလာရန် ရုံးစောစောဆင်းလာခြင်းဖြစ်သည်။
ထိုလူမှာတော့ သူလာသည်ကိုမသိသေးပဲ cakeအား Creamများနှင့်အလှဆင်ရင်းအလုပ်ရှုတ်နေသည်။ပါးပေါ်မှာလဲ Creamအနည်းငယ်ပေနေပြီး နှုတ်ခမ်းနားတွင်လဲ Creamအနည်းငယ်ပေနေသည်။
အသော် ခဏကြာမှ အတန်းသားများအားသတိထားမိတော့ သူ့ရဲ့အနောက်ကိုစုပြုံကြည့်နေကြတာမို့ သူလဲအနောက်ကြည့်လိုက်တော့ ဟိုကောင်လေးဖြစ်နေတာမို့စိတ်ကသိပ်အလိုမကျတော့ပေ။
"မင်း! ဘာလာလုပ်ပြန်တာလဲ"
"အဟွန်း! ကျုပ်ပြောပြီသားလေ ခင်ဗျားဆီကိုလာအုံးမှာပါဆို"
"မင်း!! လာ!"
"အဟွန်း ဘာဖြစ်ပြန်ရတာလဲ"
"ဟို ကျွန်တော် တောင်းပန်ပါတယ်"
အသော်အတန်းသားများနှင့် ဆရာမအား တောင်းပန်ကာ ထိုကောင်လေးလက်အားဆွဲပြီး အပြင်သို့ထွက်လာလိုက်သည်။
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)