Part 10

11.8K 436 20
                                    

"ကိုကြီး စားအုံးမလား"

"Babyက ကျွေးမှာလား"

"ဟီး ကိုကြီးစားချင်ရင် လုပ်ခိုင်းပေးမလို့ ဟီး"

"ကလေးစုတ်"

"ဟုတ်ပါဘူးနော် ကိုကြီးစားချင်ရင်ကျွေးမှာပါ"

"ကိုယ်မကြိုက်ပါဘူး!"

"ဟုတ်လို့လား Baby ကိုစိတ်ဆိုးတာတော့မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး ကိုယ်တကယ်မကြိုက်လို့ Babyပဲစား!"

"ဟုတ်"

ခဏနေတော့ မကုန်ဘူးထင်ထားတဲ့ မာလာရှမ်းကောပန်းကန်အား ပြောင်နေအောင်စားပြီးသွားပြီး သူ့အားပြုံးပြလာသည်။ ပြီးတာနဲ့ ပုပုလုံးလုံးနှင့် ရေခဲသေတ္တာနားအား ပြေးသွားပြီး အထဲမှ သူ့လက်နှစ်ဖက်နှင့်တောင်မဆန့်သည့် ရေဘူးခပ်ကြီးကြီးအားယူကာ မှိုင်းအနားအားပြေးလာသည်။

"ကိုကြီး ဖွင့်ပေးအုံး!"

"အင်း"

ရေဗူးဖွင့်ပေးလိုက်တာနဲ့ မှိုင်းလက်ထဲကနေယူကာ ရေအား မျက်မှောင်လေးကျုန့်ရက်နဲ့အတင်းသောက်နေသည်။

"ကျစ်! ဖြေးဖြေးသောက်လေ သီးအုံးမယ်"

"စပ်လို့ပါ ကိုကြီးကလဲ"

"ကျစ် တအားစပ်နေလားBaby အစပ်ရှော့လို့ပြောထားတာကို!"

"တအားမစပ်ပါဘူးကိုကြီးရဲ့ စားကောင်းရုံလောက်ပဲ စိတ်မဆိုးနဲ့နော်"

"အင်းပါ ကိုယ်စိတ်မဆိုးပါဘူး"

"ဟီး ကိုကြီး Baby Tvကြည့်ချင်တယ်"

"အင်း လာ သွားကြည့်မယ်"

"​ကိုကြီး ချီ!"

"ဟွန်း! ကောင်းပါပြီဗျာ"

"အင့် မွ မွ  ကိုကြီးချစ်ဖို့ကောင်းလိုက်တာ ဟီး"

"ကိုယ့်ကိုအသဲယားအောင် လုပ်နေတာလားBaby"

"ဟုတ်ပါဘူးနော် ဟီး"

"ကဲ ဘာကြည့်မှာလဲ Baby"

"ဟိုကား"

"ဟမ် ဘာကား"

"ဟိုကားပါဆို"

"အာ ကိုယ်သိပြီ ခဏ ကိုယ်အခွေထည့်လိုက်မ
ယ် "

"ဟုတ် ကိုကြီးကတော်လိုက်တာ"

အချစ်ကBaby.....(ရပ်နား)Where stories live. Discover now