"အင်း~~~"
မှိုင်းမနက်ကြနိုးလာတော့ သူလက်တင်ထားတဲ့နေရာကအိစက်စက်လေးနေတာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေဘီ့ရဲ့ ဖင်တုန်းလေးဖြစ်နေသည်။
မှိုင်းအသဲယားကာ အားပါပါညှစ်ကြည့်လိုက်တော့ ခါးလေး ကော့ကာ တစ်ချက်ညည်းလာသည်။
"အင့်!"
မျက်လုံးကတော့မဖွင့်သေးပဲအိပ်နေသေးသည်။
'ဖြန်း'
"အာ့!"
ခပ်စပ်စပ်လေးတစ်ချက်ရိုက်လိုက်တော့
မျက်လုံးဖွင့်လာပြီး ခေါင်းပိုင်းပဲလှည့်ကာအိပ်ချင်မူးတူးဖြစ်နေတဲ့ပုံလေးနဲ့ သူ့ကို မျက်စောင်းထိုးပြီးကြည့်လာသည်။"ကိုကို"
"ဗျာ ဘေဘီလေး"
"ငြိမ်ငြိမ်နေ"
ပြောပြီးတာနဲ့ရင်ဘတ်ပေါ်ခေါင်းတင်ကာပြန်အိပ်သွားသည်။
"နေလို့မရဘူးဘေဘီရဲ့ မနက်10နာရီခွဲနေပြီ ထတော့ ကိုယ်မျက်နှာသစ်ပေးမယ်"
"ဟင့်အင်း မထချင်ဘူး"
"မနက်စာ အချိန်လွန်သွားမှာပေါ့ဘေဘီရဲ့ ဗိုက်မဆာဘူးလား"
"ဆာတယ်"
"ဒါဆို ထတော့လေ ဘေဘီပူတူးအူကြူကြူးလေးရဲ့"
"ဒါပေမဲ့မထချင်ဘူး"
"ကဲ ကိုကိုချီမယ် ထတော့နော်"
"ဟင့်!"
သူကသာ ထလိုက်တာ အိပ်နေသေးတဲ့ဘေဘီ့ကိုမျက်နှာခြင်းဆိုင်ကောက်ချီလိုက်တော့သူ့ကိုစိတ်ဆိုးတဲ့ပုံလေးနဲ့ ပုခုံးကိုခပ်ဖွဖွလေးကိုက်သည်။
"ခွေးပေါက်လေး"
"နွားအိုမြက်နုကြိုက်ကြီး"
"ဘာရယ်!"
သူပြောလိုက်တော့ ကိုကိုက လမ်းလျှောက်နေတာရပ်သွားတာကြောင့်မော့ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေသည် ။
ဒေါသအရိပ်ယောင်တော့မတွေ့ရပေ ။
"ဟုတ်တယ်လေ ကိုကိုက ဘေဘီ့လိုငယ်ငယ်ချောချောလေးကိုကြိုက်တာလေ အဲ့တော့နွားအိုမြက်နုကြိုက်ကြီးပဲ"