"ကိုကို"
မှိုင်းမနက်လင်းပြီဖြစ်ပေမဲ့ ဘေဘီ့ကိုမနှိုးချင်တာကြောင့် သေချာလေးသိပ်ကာ သူစာကြည့်ခန်းထဲ၀င်ကာ စာဖတ်နေတုန်း တံခါးဖွင့်သံကြားလိုက်ရပြီး သူ့အင်္ကျီ၀တ်ထားတဲ့ ဘေဘီက လုံးတုံးလုံးတုံးနဲ့ အနားကိုရောက်လာပြီး လူပေါ်တွယ်တက်ကာ ဖက်ထားသည်။
"ဟင့် ကိုကို"
"ဗျာ ဘာဖြစ်လို့လဲ ဘေဘီလေးရဲ့ ဟွန်"
သူ့အပေါ်တက်လာပြီး သူ့လည်ပင်းအား ဖက်တွယ်ထားပြီး မျက်နှာလေးကို ရင်ခွင်ထဲကပ်ထားသည်။မှိုင်းလဲ စာအုပ်ကိုချကာ ဘေဘီခါးလေးအားပြန်ဖက်ထားလိုက်ပြီး ခေါင်းလေးကိုနမ်းလိုက်သည်။
"ဘေဘီ နိုးလာတော့ ကိုကိုမရှိတော့ဘူးမို့"
"ဘေဘီလေးက အိပ်ပုတ်လေးဖြစ်နေတော့ ကိုကိုက မနှိုးရက်တာပါကွာ"
"နောက်ဆိုနှိုးနော် ကိုကိုနားပဲနေချင်တာ"
"ဟုတ်ပါပြီဘေဘီလေးရယ် မျက်နှာရောသစ်ပြီးရဲ့လား"
"ဟွန့်အွန်း ကိုကိုသစ်ပေး"
"ဟုတ်ပါပြီဗျာ"
လူပေါ်က ကောင်လေးအား မချီလိုက်ပြီး စာကြည့်ခန်းထဲမှထွက်လာလိုက်ပြီး ရေချိုးခန်းထဲ၀င်ကာ ဘေစင်ပေါ်တင်ပေးလိုက်ပြီး သေချာလေးမျက်နှာသစ်ပေးလိုက်ကာ သွားပါတိုက်ပေးလိုက်သည်။
"ဟီး ဘေဘီ ချောသွားလား"
"ဒါပေါ့ဗျာ အရမ်းချောသွားတာ"
"ဒါဆို ချီ"
"ဟုတ်ပါပြီခင်ဗျာ"
သူလေးကိုချီကု အချန်းထဲက ပြန်ထွက်ပြီး လှေကားဆင်းတော့သေချာဂရုစိုက်ဆင်းနေရသည်။ တစ်ယောက်ထဲဆိုဘာဖြစ်ဖြစ်ကိစ္စမရှိပေမဲ့ အခုက အသည်းနှလုံးကျောက်ကပ်လေးကိုချီထားရတော့ ဂရုစိုက်ရသည်။
"ကိုကို ဘေဘီ့ကိုချစ်လား"
"ချစ်တာပေါ့ဗျာ"
" ဘေဘီက ကိုကို့ ကိုမချစ်ဘူးဆိုရင်ရော"
"ဘေဘီ!"
သူလဲအသံနည်းနည်းမာလာရော လူလည်လေးက သူ့ပါးအားလာနမ်းကာ..
"စတာစတာ လူက အရပ်ရှည်သလောက် စိတ်က လက်တစ်ဆစ်လေး ဟွန့် "
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)