"အွန်းးးးးးး"
မနက်10နာရီမှာ နိုးလာပြီး ပျင်းကြောဆန့်နေသူကတော့ အိပ်ပုတ်လေးမင်းဆက်ရာပင်။
"ဟီးဟီး ဒီနေ့ရေချိုးပြီး ကိုကြီးဆီသွားမယ် ဟီးဟီး"
မင်းဆက်ရာတစ်ယောက်ရေကိုကြာကြာလေးလေးချိုးလိုက်ပြီးပြန်ထွက်လာတော့ သူ၀တ်ဖို့အင်္ကျီရွေးနေသည်။
"အယ် ဒီhoodieလေး၀တ်ရမလား ဟိုဟာလေး၀တ်ရမလား"
မင်းဆက်ရာတစ်ယောက် မှန်ရှေ့ ရပ်ကာ အကျီတစ်ထည်ပြီးတစ်ထည် ခန္ဓာကိုယ်ကိုကပ်ကာသူနှင့်လိုက်မလိုက်ကြည့်နေသည်။
1နာရီလောက်ကြာတော့မှ Hoodieအပြာနုရောင်လေးကို ဘောင်းဘီအရှည်အဖြူလေးနဲ့တွဲ၀တ်လိုက်ပြီး ဆံပင်လေးသေချာပြင်ကာ ထွက်လာခဲ့လိုက်သည်။
*ဟီးဟီး ကိုကြီးဆီသွားမယ် အယ် ကိုကြီဖို့ ငါမုန့်တစ်ခုခု၀ယ်သွားရမလား အင်းအဲ့တာကောင်တယ် အဲ့တာမှအမြင်လှမှာ ဟီး*
မင်းဆက်ရာလဲ မုန့်ဆိုင်တစ်ခု၀င်ကာ မုန့်ဗုံးကြီးအား၀ယ်ခဲ့ပြီးအပြင်ထွက်လာသည်။နောက်တော့
*ဒါကြည့်ပဲကောင်းပါ့မလား အယ် အသီးလေး၀ယ်သွားမှပဲ*
ထို့နောက် အသီးဆိုင်သို့သွားပြီး လိမ္မော်သီးနှင့်ပန်းသီးစပျစ်သီးတို့အား၀ယ်ကာ မနေ့က မှိုင်းပေးခဲ့သည့် ကုမဏီကဒ်ကိုကြည့်ပြီးတစ်ချက်ကြည့်ပြီးလိပ်စာအတိုင်းသွားလိုက်သည်။ မင်းဆက်ရာကုမဏီရှေ့ရောက်တော့ပါးစပ်အဟောင်းသားနှင့်ကြည့်မိသည်။
*၀ါး အဆောက်ဦးကြီးက မိုက်လိုက်တာ အကြီးကြီးနဲ့အမြင့်ကြီးပဲ*
မင်းဆက်ရာလဲ လက်ထဲကအထုတ်တွေနဲ့တစ်ပြုံကြီးနဲ့ ကုမဏီထဲသို့၀င်လိုက်သည် အရှေ့ကတွေ့သည့်အမတစ်ယောက်အားခေါ်ကာမေးရသည်။
"အမ အမ"
"ဟင် ဟမ် "
"ဒီကုမဏီက ဦးမှိုင်းမှောင်ထွဋ်ခေါင်နဲ့တွေ့ချင်လို့ပါဗျ"
"Bossရဲ့ဧည့်သည်ပဲ ကုမဏီရဲ့အပေါ်ဆုံးအထပ်ကိုတက်သွားလိုက်ပါ"
"ဟုတ်ကဲ့အမ"
အမှန်တကယ်ဆို မင်းဆက်ရာ ဓာတ်လှေကားစီးရမှာ တအားကြောက်သူပါ သူကြောက်တာက သူစီးနေချိန်ဓာတ်လှေကားကရပ်သွားပြီး အထဲမှာ သရဲကများ ဂုတ်ချိုးသက်မလား ဓာတ်လှေကားအလယ်မှာရပ်နေလို့ ပိတ်မိပြီးအကြောက်လွန်ပြီးသေမှာကြောက်လို့ပင် ပုံမှန်ဆို ဓာတ်လှေကားလုံး၀မစီးပါ သို့သော်အခုက အမြင့်ကြီးလှေကားနဲ့တပ်ရင်သေရချည်ရဲ့ သူကြောက်ကြောက်နဲ့ပဲဓာတ်လှေကားထဲ၀င်လ်ိုက်တော့ လိုက်စီးသည့် လူကလဲ နည်းနည်းများသည်မို့ သိပ်ပင်မကြောက်တော့ပါ ဓာတ်လှေကားထဲမှလူများသည် တီးတိုးပြောဆိုနေကြသည်။
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)