"Daddy"
"ဗျာ"
"ဘာလို့ ဖိနပ်တွေအများကြီး၀ယ်လိုက်တာလဲဟင် သားအဲ့လောက်ကြီးမှမလိုပဲနဲ့ကို"
"များတော့ များများ စီးရတာပေါ့"
Daddy စကားကြောင့် သူဘာမှပြန်မပြောဖြစ်တော့ပါ။
"......"
"ကလေး စာသင်ချင်လား"
"ဟို မသင်ချင်ဘူး"
သူတစ်ကယ်တော့စာအရမ်းသင်ချင်ပါသည်။ဒါပေမဲ့ ဒီအရွယ်ကြီးရောက်မှ အစကနေ ကလေးတွေနဲ့သင်ရမှာသူရှက်တာကြောင့် မသင်ချင်ဘူးသာပြောလိုက်သည်။
"ကလေးသင်ချင်ရင် ကိုယ်က အိမ်ကို ဆရာခေါ်ပေးမှာ"
"အဲ့လိုသင်လို့ရတာလားဟင်"
"ရတာပေါ့"
"အဲ့တာဆို သားသင်ချင်တယ်"
"ဟုတ်ပြီ မနက်ဖြန်ကစပြီး စာသင်ရမယ်နော်"
"ဟုတ် ဟီး"
ခ စာသင်ရမည်ဆိုတာကြောင့် အနည်းငယ်စိတ်လှုပ်ရှားပြီး ပျော်သည်။ သူငယ်ငယ်လေးကတည်းက သင်ချင်ခဲ့ပေမဲ့ ဘ၀ပေးအခြေနေတွေကြောင့် မသင်နိုင်ခဲ့ပေ။
"ကိုယ် ညကြ အလုပ်ကိစ္စနဲ့အပြင်သွားစရာတစ်ခုရှိတယ် နောက်ကျလိမ့်မယ် အဲ့တာကလေးတစ်ယောက်ထဲ အိမ်မှာနေရဲလား မနေရဲရင် လိုက်ခဲ့မလား"
"သားနေရဲပါတယ် သားလိုက်ခဲ့ရင် Daddy အလုပ်ကိုနှောက်ယှက်သလိုဖြစ်နေလိမ့်မယ်"
"မဖြစ်ပါဘူးဗျာ ကလေးပါတော့ပိုကောင်းတာပေါ့ နောက်မို့ဆို အိမ်မှာကလေးတစ်ယောက်ထဲ ကိုယ် စိတ်ပူနေရမှာ"
"အဲ့တာဆိုသားလိုက်ခဲ့မယ်လေ"
"ဟုတ်ပြီ အခုကလေးဘယ်သွားချင်လဲ"
"ဟို သားမှနေရာတွေမသိတာ အယ် ဒါနဲ့ Daddy နာမည်တောင် သားမသိသေးဘူးပဲ"
ခ ကိုယ့်ကိုကိုယ် စိတ်ပျက်မိသွားသည်။ ကိုယ့်ကို မွေးစားမဲ့သူရဲ့ နာမည်ကိုတောင်မသိပဲနဲ့ သူ့နေရပ်ကိုစွန့်ခွာပြီးဒီအထိတောင်လိုက်လာခဲ့သည်။ သူ ဆင်းဆင်းရဲရဲ မနေချင်တာနဲ့ပဲ နာမည်တောင်မသိတဲ့ လူတစ်ယောက်ရဲ့ မွေးစားခြင်းကိုခံခဲ့သည်တဲ့လား။
YOU ARE READING
အချစ်ကBaby.....(ရပ်နား)
Romanceဤficသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ (Warning 🔞🚨)