(Unicode)
*ဒါ...က...နေ့လည်စာ...
ဟုတ်လား...ရှောင်းကျန့်...ခင်ဗျား လာ နောက်နေတာလား...မိမိရှေ့မှ ခေါက်ဆွဲဗူးကို ဝမ်ရိပေါ်က အံ့ဩတကြီး ကြည့်လိုက်သည်။
ဒါ...ငါ့အတွက် နေ့လည်စာတဲ့လား...
*မနောက်ပါဘူး CEO...
လောလောဆယ် ကျွန်တော့်မှာ ပါလာတဲ့ ပိုက်ဆံနဲ့...အဆင်ပြေအောင် စီစဥ်ခဲ့တာပါ...ရှောင်းကျန့်က ခပ်ေအးအေး ပြောလိုက်သည်။ ဝမ်ရိပေါ်က မျက်မှောင်ကြုံကာ မော့ကြည့်လိုက်သည်။
*ပိုက်ဆံ မပါရင်လည်း...စောစောကတည်းက ေပြာပါလား...အခုတော့ ဝမ်တုံခေါက်ဆွဲကိုတောင် ဗူးနဲ့ စားရမယ့် အဖြစ်...
နောက် မှတ်ထား...ကျွန်တော် ဒီလို ခေါက်ဆွဲမျိုး မကြိုက်ဘူး...ဝမ်ရိပေါ်က ခပ်ဆတ်ဆတ် ပြောလိုက်သည်။
*ဒါဆို မစားတော့ဘူးလား...
မိမိ ရှေ့မှ ခေါက်ဆွဲဗူးကို ဆွဲယူရန် လက်လှမ်းနေတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်က ကဗျာကယာ တားလိုက်သည်။
*စား...စားမှာပေါ့ ဗိုက်ဆာနေပြီဟာ...ဝယ်လာပြီးမှ မစားရအောင်...ခင်ဗျားမှာ ပိုက်ဆံ တော်တော် ပေါနေလား...တကယ်ပါပဲ...
ပွစိပွစိနဲ့ ပြောရင်း မိမိ လက်မှ ခေါက်ဆွဲဗူးကို လှမ်းယူတဲ့ CEOဝမ်ကို ကြည့်ရင်း ရှောင်းကျန့် ရယ်ချင်လာတော့သည်။
*ရော့...အဲ့ကဒ် ယူထားလိုက်...နောက်နေ့ ကျွန်တော့်အတွက် စားစရာ ဝယ်ရင်...အဲ့ကဒ်ကေန သုံး...နေ့တိုင်း ခေါက်ဆွဲပဲ စားနေရအောင် ကျွန်တော်က ခေါက်ဆွဲ လူသား မဟုတ်ဘူး...လူနဲ့ တူအောင်တော့ ကျွေးဦး...
ပါးစပ်ကလည်းပြော လက်ကလည်း ခေါက်ဆွဲကို အဆက်မပြတ် တူနဲ့ ယူကာ ပါးစပ်ထဲကို ထိုးထည့်နေသည့် မိမိရဲ့ CEO အသစ် ကျပ်ချွတ်ကလေးကို ရှောင်းကျန့်က သဘောကျနေတော့သည်။
တကယ့် ကလေးပဲ...
*ရှိသေးလား...မ ဝသေးဘူး...
မျက်လုံး ဝိုင်းလေးများကို လှန်ကြည့်ရင်း ပြောလိုက်တဲ့ CEO ဝမ်ကြောင့် ရှောင်းကျန့် လန့်သွားရသည်။
YOU ARE READING
Run to (you) (U&Z)