RT(Y)-43 (U&Z)

1.5K 102 5
                                    

(Unicode)

ခွဲစိတ်ခန်းက ထွက်လာတဲ့ ရှောင်းကျန့် အခြေအနေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဝမ်ရိပေါ် ပြန်လာခဲ့သည်။

*ခွဲစိတ်မှုက အောင်မြင်ပါတယ် မစ္စတာဝမ်...side effects အနေနဲ့တော့...မကြာခဏ ခေါင်းမူးတာ...မေ့တတ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်...အမြင်အာရုံ ခဏတာ ပျောက်သွားတာမျိုးလည်း...ဖြစ်တတ်ပါတယ်...ဒါက ဖြစ်နိုင်ခြေများတဲ့ အရာတွေပါ...တချို့လူတွေမှာတော့ လုံးဝ recover ရတာမျိုးလည်း...ရှိပါတယ်...ဒါကြောင့် အများကြီး မစိုးရိမ်ပါနဲ့...အဆင်ပြေသွားမှာပါ မစ္စတာဝမ်...
စိုးရိမ်စရာ အနေအထား...မဟုတ်တော့လို့...သီးသန့်ခန်းကို ပြောင်းထားပေးပါတယ်...

ဆရာဝန်က သေသေချာချာ ရှင်းပြခဲ့သည်။

*ကျေးဇူးပါ doctor...တခုလောက် ထပ်ပြီး ကူညီနိုင်ဦးမလား...

*ပြောပါ မစ္စတာဝမ်...

*မစ္စတာရှောင်းရဲ့ ဆေးမှတ်တမ်းတွေနဲ့...ခွဲစိတ်မှု မှတ်တမ်းတွေကို...officially ထုတ်လို့ ရချင်ပါတယ်...

ဝမ်ရိပေါ်က ဆရာဝန်ကို ပြောလိုက်သည်။ ဆရာဝန်က အံ့အားသင့်စွာ ကြည့်လေသည်။

*ဘာဖြစ်လို့ပါလဲ မစ္စတာဝမ်...မစ္စတာရှောင်းရဲ့ ခွဲစိတ်မှုမှာ...မှားယွင်းတာမျိုး မရှိခဲ့ပါဘူး...

ဆရာဝန်က ထိတ်ထိတ်ပြာပြာ ပြောလိုက်သည်။ ဝမ်ရိပေါ်က ခေါင်းငြိမ့်ပြသည်။

*ဆေးရုံကြောင့် မဟုတ်ပါဘူး doctor...အခုဖြစ်တဲ့ ကိစ္စက accident မဟုတ်ဘဲ...လုပ်ကြံမှုတခု ဖြစ်​ေနနိုင်လို့ပါ...

*​ေဩာ်...ကျွန်တော် နားလည်ပါပြီ...ဆေးရုံအုပ်ကို တင်ပြပြီး စီစဥ်ပေးပါမယ်...မစ္စတာဝမ်...

*ကျေးဇူးပါ doctor...

✏ ✏✏ ✏✏✏

*ဟင်းးး...

ရှောင်းကျန့် အခန်းရှေ့မှာ ရပ်ပြီး ဝမ်ရိပေါ် သက်ပြင်းချလိုက်မိသည်။ ရှောင်းကျန့်ကို အခုလို အနေအထားနဲ့ မြင်နေရတာ သူ မခံစားနိုင်ဘူးလေ။

ချောက်...

ဟင်...

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဝမ်ရိပေါ်က အံ့ဩသွားရသည်။

Run to (you) (U&Z)Where stories live. Discover now