RT(Y)-7 (U&Z)

1.7K 119 2
                                    

(Unicode)

message... message... for youuu...

အာ...ညတိုင်း အချိန်မှန်ပဲလားကွာ...အလုပ် မရှိဘူးလား မသိဘူး...

>>ပေါက်စလေး...

>>ချီးကို ပေါက်စလေးလား...

ရှောင်းကျန့် စိတ်ပေါက်ပေါက်နဲ့ ပြန်ပို့လိုက်သည်။

>>အိပ်တော့လေ ပေါက်စလေးရဲ့...ညနက်နေပြီကို...

>>မင်းလို အားနေတာမှ မဟုတ်တာ...မအိပ်နိုင်ပါဘူး...ငါ စိတ်ရှုပ်နေတာနော်...လာရစ်မနေနဲ့...

design ကြောင့် စိတ်ရှုပ်နေတဲ့ ရှောင်းကျန့်က စိတ်မရှည်သလို ပြောလိုက်သည်။

>>မရစ်ပါဘူး ပေါက်စလေးရယ်...ပေါက်စလေး စိတ်မရှုပ်ရအောင်...ကူညီမလို့ပါ...

>>မင်း...က...

ရှောင်းကျန့်က မယုံသလို ေပြာလိုက်သည်။

>>အင်းလေ...ဒီမှာ အိတ် designတွေ ပို့ပေးလိုက်မယ်...ပေါက်စလေးက ကြည့်ပြီး ထပ်ဖြည့်ပေါ့...

message... message... for youuu...

message... message... for youuu...

message... message... for youuu...

တကယ်ကြီးလား ဟ...

ဆက်တိုက်ဝင်လာတဲ့ အိတ်ပုံကြမ်းတွေကြောင့် ရှောင်းကျန့်ပင် မျက်လုံး ပြူးသွားရသည်။ ဒါ သူ စဥ်းစားနေတဲ့ Luxury အိတ် design တွေလေ။

>>ငါ အဲ့ဒါအတွက် စဥ်းစားရခက်နေတာ...မင်း ဘယ်လိုသိလဲ...

ရှောင်းကျန့်က မယုံနိုင်သလို အံ့ဩတကြီး မေးလိုက်မိသည်။

>>ဟား...ဟား...ကိုယ်က ပေါက်စလေးအတွက် နဂါးလေး မူရှူး ​လေ...

>>တော်စမ်းပါ...ဟွားမုလန် ကြားရင် မင်းကို လာသတ်နေမယ်...

ရယ်ချင်စိတ်ကို ထိန်းရင်း ရှောင်းကျန့်က ပြောလိုက်သည်။

>>ကိုယ့်ရဲ့ ဟွားမုလန်က ပေါက်စလေးလေ...မျက်မှန်ဝိုင်းလေးနဲ့ ယောကျာ်းလေးဆိုပေမယ့်...နှစ်ခါ ပြန်ငေးကြည့်ရတဲ့ ​ေရှာင်းမုကျန့်လေး...

>>မင်း ကြီးတော်ကိုပဲ နှစ်ခါပြန်ငေး...အမြင်ကတ်ဖို့ ကောင်းလိုက်တာ...
ဒါပေမဲ့ ပုံတွေအတွက်တော့ ကျေးဇူးပါ...
နေဦး...ငါ ဒီပုံတွေ ယူသုံးရင်...မင်း တရားတော့ မဆွဲ​လောက်ဘူး မှလား...ပြီးတော့...ဒါ မင်းကိုယ်ပိုင် ပုံတွေတော့ ဟုတ်ပါတယ်နော်...တော်ကြာ သူများဟာတွေ ခိုးပေးရင်...ငါ ဒုက္ခ ရောက်မှာ...

Run to (you) (U&Z)Where stories live. Discover now