(Unicode)
*ဝမ်ကော...ကျွန်တော် ဒီမှာ...
ကော်ဖီဆိုင်ရဲ့ ထောင့်ကျကျ နေရာမှာ ထိုင်နေတဲ့ လျန်ရှန့်ပေါ် က လက်လေးပြကာ ခေါ်လိုက်သည်။ ဝမ်ရိပေါ်က ထိုနေရာဆီ ေလျှာက်သွားခဲ့သည်။
*ထိုင်လေ...ဝမ်ကော...
*အင်း...ပြောပါဦး...ဖုန်းနဲ့တောင် ပြောဖို့...အဆင်မပြေတဲ့ အကြောင်းက...
ဝမ်ရိပေါ်က ထိုင်ခုံမှာ ဝင်ထိုင်ရင်း လျန်ရှန့်ပေါ်ကို မေးလိုက်သည်။ လျန်ရှန့်ပေါ်က အိတ်ထဲမှ တစုံတခုကို ထုတ်ယူလိုက်သည်။
*ဒါလေး...
ကမ်းပေးတဲ့ စာရွက်ကို ဝမ်ရိပေါ်က ကောက်ယူ ကြည့်လိုက်သည်။
ဖုန်းမှတ်တမ်း...
*ဒါ...က...
*ကျန်းမုရီ သေတဲ့ရက် မတိုင်ခင်က...ဦးလေးရဲ့ ဖုန်းခေါ်ဆိုမှု မှတ်တမ်းပါ...
လျန်ရှန့်ပေါ် စကားကြောင့် ဝမ်ရိပေါ်က မျက်မှောင်ကြုံ့လိုက်သည်။ ထို့နောက် ခေါင်းကို ခပ်ဖြည်းဖြည်း ငြိမ့်လိုက်ေလသည်။
*မင်း ဒီလိုလုပ်ရင်...မင်း ဦးလေးလည်း...အပြစ်ဒဏ် ခံရမယ်ဆိုတာ သိရဲ့လား...
*သိပါတယ်...ဒါပေမယ့်...ဝမ်ကောအတွက်...အသုံးဝင်ရင် တော်ပါပြီ...
*ကျေးဇူးပါ...မင်း ပေးတဲ့အချက်အလက်က...အသုံးဝင်မှာပါ...ဒါပဲမှလား...ငါ သွားတော့မယ်...
*ခဏလေး...
နေရာမှ ထလိုက်တဲ့ ဝမ်ရိပေါ်ကို လျန်ရှန့်ပေါ်က တားလိုက်သည်။
*ကိစ္စရှိသေးလို့လား...
*ဦးလေးက CEOလီနဲ့...အပေး အယူ လုပ်ထားတယ်...ဝမ်ကော သတိထားပြီးနေပါ...
လျန်ရှန့်ပေါ် က ပူပန်စွာ ပြောလိုက်သည်။ ဝမ်ရိပေါ်က ပြုံးလိုက်လေသည်။
*ကျေးဇူးပါပဲ...ငါ အမြဲ သတိထားနေတာမို့...စိတ်မပူပါနဲ့...
*ဒါနဲ့ အတွင်းရေးမှူးရှောင်းရော...အဆင်ပြေရဲ့လား...ကားသမားက ခွင့်ယူထားတယ်ဆို...
*ေပြပါတယ်...သူ့အတွက်လည်း စိတ်မပူပါနဲ့...
*အဟင်း...ကောင်းပါတယ်...ဝမ်ကော သွားမယ်ဆို...သွားတော့လေ...
YOU ARE READING
Run to (you) (U&Z)