(Unicode)
*ဟေ့...သူ ပြန်လာပြီတဲ့...
*ဘယ်သူလဲ...
*ဟိုတယောက်လေ...
*ဘာ...တကယ်ကြီးလား...
*အေး...တကယ်ကြီး...ဒီနေ့ပဲ ရုံးကို စပြီး လာေတာ့မှာတဲ့...
*ဘုရားရေ...
*ဟာ...ဒုက္ခပါပဲ...
ဝေသာ့ကုမ္ပဏီက ဝန်ထမ်းအားလုံး ယောက်ယက် ခတ်နေကြတော့သည်။ ဒီလူက လူဆိုတာထက် ပြဿနာကို မဖြစ်ဖြစ်အောင် ဖန်တီးတတ်တဲ့သူ။ အဲ့တော့ ပြဿနာဆိုတာက အခုလာမယ့် လူလောက် ကြောက်စရာ မကောင်းေတာ့ဘူးေလ။
ေဩာ်...သူလား...
သူ့ နာမည်က ဝမ်ရိပေါ်တဲ့...
အသက်က ၂၄ နှစ်...
ဝေသာ့ ကုမ္ပဏီမှာက CEO ၅ ယောက်ရှိတယ်လေ...လီချန်ဟုတ်၊ ကျောက်မုလုံ၊ လျန်လု၊ ရှို့တီနဲ့ ဝမ်ကျို့မင်တဲ့...အဲ့အထဲကမှ ဝမ်ရိပေါ် ဆိုတာ... ဝမ်ကျို့မင်ရဲ့ တဦးတည်းသော သား...
သူ့အသက် ၂၂ နှစ်တုန်းက...ဝမ်ကျို့မင် နေမကောင်းလို့ အလုပ်သင်သဘော လာလုပ်သေးတယ်...ဂျွတ်ဆတ်ဆတ် မာကြောကြော ပုံက မျက်နှာလေးနဲ့မှ မလိုက်...သူ အလုပ်ဝင်တဲ့ ၆ လအတွင်း သူ့ရဲ့ အတွင်းရေးမှူး လုပ်တဲ့ ၆ ယောက်လောက်...အလုပ် ပြုတ်သွားတယ်လေ...ဘယ်သူမှ သူ့ ဒဏ်ကို မခံနိုင်ဘူး...သူ ပြောတာ ဆိုတာကို တော်ရုံလူဆို မခံနိုင်ဘူး...
ေဩာ်...အလုပ်လား...
တစက်ကလေးမှကို စိတ်မဝင်စားတာ...သူ့အတွင်းရေးမှူးတွေကချည်း...ပြဿနာ ဒိုင်ခံ ရှင်းရတာလေ...ကြာတော့လည်း အလုပ်ထွက်တာရော...သူ ထုတ်တာရောနဲ့...ကုန်တာပါပဲ...
အခုတော့ CEO ဝမ်ကျို့မင်က နှလုံးရောဂါနဲ့ ဆုံးသွားပြီ...ဒါကြောင့် သူ့သား ဝမ်ရိပေါ်က သူ့အဖေ နေရာကို ပြန်ဝင်မှာ...
အင်းးး...ပြောသာ ပြောရတာ ဝေသာ့ ကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးသူက ဝမ်ကျို့မင်ပဲ...ကုမ္ပဏီရဲ့ ၆၅% ကို ပိုင်တယ်...ဒါကြောင့်ပဲ ဝမ်ရိပေါ်က ကုမ္ပဏီမှာ ပေါ်ကျော့နေပြီး အလုပ် မပြုတ်တာပေါ့...အခုတော့ သိပ်မထင်ပါဘူးလေ...အလုပ်ကို စိတ်မဝင်စားတဲ့ ေကာင်ပဲဟာ...သူ့အဖေ ရှယ်ယာလဲ...မကြာခင် ကုန်မှာပါ...
ကဲ ခင်ဗျားကို ပြောပြနေရတာနဲ့...တော်တော် အချိန် ကုန်သွားပြီ...ပြေးလိုက်ဦးမယ်ဗျို့...
ကျန်တဲ့ ဌာနတွေဆီ ဒီသတင်းကို အချိန်မီ ပြောဖို့...လိုတယ် မဟုတ်လား...
YOU ARE READING
Run to (you) (U&Z)