(Unicode)
ပိတ်ရက်မို့ ရှောင်းကျန့် တယောက် အေးချမ်းစွာပဲ ချက်ပြုတ်နေခဲ့သည်။ ဘယ်သူ ပို့လိုက်မှန်း မသိပေမယ့် အသားငါးတွေနဲ့ ဟင်းရွက်အစုံကိုလည်း ရေခဲသေတ္တာထဲမှာ သေသေချာချာ ထည့်သိမ်းရသေးသည်။
တီတီ...တီတီ...
စားပွဲပေါ်မှ ဖုန်းသံကြောင့် ရှောင်းကျန့် အပြေးသွားကာ ကိုင်လိုက်သည်။
*ဟယ်လို...ရှောင်းကျန့် ပြောနေပါတယ်...
*ရှောင်း...ခင်ဗျား အခု ဘယ်မှာလဲ...ဘာလုပ်နေလဲ...
CEO ဝမ်...ကြားသား မိုးကြိုး...ဖုန်းတေွ ဘာတေွခေါ်လို့ပါလား...
*အိမ်မှာပေါ့ CEOရဲ့...ပိတ်ရက်ပဲဟာ...နားနေတာပေါ့...ဘာကိစ္စရှိလို့လဲ...
အံ့ဩစိတ်နဲ့ ရှောင်းကျန့်က ပြန်ဖြေလိုက်သည်။
*ကျွန်တော် နေ့လည်စာ ဘာစားရမလဲ မသိလို့...မနက်စာကိုလည်း ဘာစားရမှန်း မသိလို့...မစားရသေးဘူး...
*အာ...ကလေးလား...ကိုယ့်ဘာသာ မှာစားပေါ့...
ရှောင်းကျန့်က အနည်းငယ် စိတ်ရှုပ်စွာ ဖြေလိုက်သည်။
*ဘာစားရမှန်းကို မသိလို့ပါဆို...အတွင်းရေးမှူးရှောင်းကပဲ မှာပေးပါလား...ဆိုင်ကချည်း နေ့တိုင်း မှာစားနေရတော့...လူလည်း ဘာစားရမလဲကို မသိတော့ဘူး...
ဝမ်ရိပေါ်က အီလည်လည်ပုံစံနဲ့ ပြန်ပြောလေသည်။
အာ...ထရိုက်မိရင် သေတော့မှာပဲ...ဂိမ်းကျတော့...ဒီတခုထဲကို နေ့တိုင်း ဆော့နေနိုင်တယ်ပေါ့...
*အခု ဘယ်မှာလဲ...
*ကုမ္ပဏီမှာ...
ဝမ်ရိပေါ် အဖြေကြောင့် ရှောင်းကျန့် ရှုပ်ထွေးသွားရသည်။
*ကုမ္ပဏီ...အာ...အဲ့မှာ ဘာလုပ်နေတာလဲ...ခဏနေဦး...ဒီမှာလည်း ဟင်းချက်ရင်း တန်းလန်းကြီး...ပြီးကာေတာ့ နီးပါပြီ...
*အင်း...မြန်မြန် လာခဲ့နော်...ကျွန်တော့်ဗိုက်က တော်တော်လေး ဆာနေပြီ...
ဝမ်ရိပေါ် အသံက ကလေးတယောက်ရဲ့ ပူဆာသံလိုမျိုး။
*ရေသောက်နေ...
YOU ARE READING
Run to (you) (U&Z)