(Unicode)
လျန်ရှန့်ပေါ် နဲ့ တွေ့ပြီး ညနေအတွက် ပြောခဲ့ပြီးသည်အထိ CEO လီနဲ့ ပြောခဲ့တဲ့ အကြောင်းက ရှောင်းကျန့် ခေါင်းထဲမှ မထွက်နိုင်ခဲ့။
ငါ...ဘယ်လို လုပ်ရမလဲ...တကယ်လည်း ငါ ပင်ပန်းနေတာ သေချာတယ်...ဒါပေမယ့် ဒီကလူတွေ အကုန်လုံးကလည်း...ငါ ခန့်ထားခဲ့တဲ့ သူတွေလေ...တကယ်လို့များ ငါကသာ ဌာနပြောင်းလိုက်ရင်...သူတို့ ဘယ်လို လုပ်မလဲ...CEO ဝမ်ကရော...
ရှောင်းကျန့်က မိမိရှေ့မှ CEOဝမ်ဆီကို အကြည့်ရောက်သည်။ ကိုယ့်စိတ်ကပဲ မလုံခဲ့လို့လား မသိ ဒီမနက်ပိုင်းမှာ CEO ဝမ်ကို ကြည့်ရတာ အေးစက်စက် နိုင်နေသလိုပင်။ အခါတိုင်းလို စကားလည်း သိပ်မပြော၊ အကြည့် အားလုံးကလည်း ကွန်ပြူတာ screen ဆီမှာသာ။ မိမိကို ရှိသည်ဟုပင် ထင်ထားပုံမရ။
*ရှောင်းကလေ...အရမ်း ချစ်ဖို့ ကောင်းတာပဲ...အဲ့လို ဆူနေပေမယ့် ကျွန်တော် ပျော်နေရော...
*ရှောင်းကို ချစ်တယ်...
္*ရှောင်းကလေ...တကယ် ချစ်ဖို့ ကောင်းတယ်...ကျွန်တော် ရှောင်းကို ဖမ်းဆုပ်ခဲ့တာ မမှားခဲ့ဖူးပဲ...ချစ်တယ်နော်...
ငါ...ဒီကောင်လေးကို ဘယ်လိုလုပ်ပြီး ထားခဲ့ရမလဲ...ငါ မရှိတဲ့နောက်...သူရော...အဆင်ပြေပမလား...
ရှောင်းကျန့် အတွေးတွေနဲ့ ကိုယ်ဘာသာ ရှုပ်ယှက်ခတ်နေတော့သည်။
နေ့လည်စာ စားချိန်အထိ CEO ဝမ်ကလည်း စကားမပြောသဖြင့် ရုံးခန်းလေးထဲမှာ အတော်ပင် တိတ်ဆိတ်လွန်းနေသည်။
*CEO ဝမ်...
*အင်း...ပြော ရှောင်း...
မိမိကို မကြည့်ဘဲ ပြန်ဖြေနေတဲ့ CEO ဝမ်ကြောင့် ရှောင်းကျန့် ဝမ်းနည်းသွားမိသည်။
*ဟို...ကျွန်တော်နဲ့ ထိုက်ယုံ...အိတ်နမူနာ ထုတ်ဖို့အတွက် စက်ရုံကို သွားလိုက်ဦးမယ်...CEO ရော လိုက်ဦးမလား ဟင်...
ရှောင်းကျန့်က စကားစ ရှာကာ ပြောလိုက်သည်။ တကယ်တော့ ဒီလို ကိစ္စလောက်ကို CEOက လိုက်စရာ အကြောင်းမရှိ။
*ရှောင်းတို့ပဲ သွားလိုက်ပါ...ကျွန်တော် မလိုက်ချင်ဘူး...
ထိုမျှသာ ေပြာပြီး ထမင်းပင် မစားဘဲ အပြင်ထွက်သွားတဲ့ CEO ဝမ်ရဲ့ ကျောပြင်ကို ရှောင်းကျန့်က အကြောင်းမရှိပဲ ငေးကြည့်နေမိသည်။
YOU ARE READING
Run to (you) (U&Z)