(Unicode)
မိမိပြောသမျှ စိတ်ဝင်တစား နားထောင်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က သဘောကျစွာ ငေးကြည့်နေမိသည်။ မျက်မှန်အောက်က မျက်လုံးဝိုင်းလေးတွေက တကယ်ကို အပြစ်ကင်းလွန်းလေသည်။
*ဒါဆို နားလည်ပြီလား ရှောင်း...
*အင်း...
ရုတ်တရက် မော့ကြည့်လိုက်တဲ့ ရှောင်းကျန့် မျက်နှာက အနီးကပ် ကြည့်နေတဲ့ ဝမ်ရိပေါ် မျက်နှာနဲ့ ထိကပ်လုမတတ် ဖြစ်သွားရသည်။
မျက်နှာ သေးသေးလေး...
ဝမ်ရိပေါ်ခမျာ အကြည့် မလွှဲနိုင်ေတာ့။ ဒီလူသားသည် သူ့စိတ်တို့အား ကောင်းစွာ ဆွဲဆောင် ထားနိုင်လေသည်။ ရှောင်းကျန့်ကလည်း မှင်သက်မိသူလို ငြိမ်သက်စွာ ရှိနေခဲ့သည်။ ဝမ်ရိပေါ် မျက်နှာက ရှောင်းကျန့် မျက်နှာဆီ တဖြည်းဖြည်း တိုးကပ်သွားနေမိသည်။
*ရှောင်း...ခင်ဗျားက အရမ်း ဆွဲဆောင်နိုင်လွန်းတယ်...
*အာ...
ရှောင်းကျန့် ရှက်နေမှန်း နီရဲနေတဲ့ သူ့နားရွက်များက သက်သေခံနေလေသည်။ ဝမ်ရိပေါ်ရဲ့ လက်များက ရှောင်းကျန့် ခါးဆီကို တရွေ့ရွေ့နဲ့ ချဥ်းကပ်သွားေနသည်။
ဒေါက်...ဒေါက်...
*အတွင်းရေးမှူးရှောင်း...final design check လုပ်လို့ ရပါပြီ...
*အာ...လာပြီ...လာပြီ...
တံခါး အပြင်ဘက်မှ အသံကြောင့် ရှောင်းကျန့်က နေရာမှ ကဗျာကယာ မတ်တပ်ရပ်လိုက်သည်။
*C...CEO ကျွန်တော် သွားလိုက်ဦးမယ်...စာတွေ ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်...
ဝမ်ရိပေါ် မျက်နှာကို မကြည့်ဘဲ ပြောပြီး ရှောင်းကျန့်က ပြေးတော့သည်။ CEO ဝမ်သည် သူ့အား ကောင်းကောင်းကို ရင်ခုန် စေနိုင်လေသည်။
✏ ✏✏ ✏✏✏
*ဘာပြောတယ် ရှို့တီ...
*တကယ်ကြီးလား...
လီချန်ဟုတ်နဲ့ ကျောက်မုလုံတို့က ရှို့တီကို တအံ့တဩ မေးလိုက်သည်။ ရှို့တီက ခေါင်းကို ခပ်လေးလေး ငြိမ့်ပြလိုက်သည်။
YOU ARE READING
Run to (you) (U&Z)