RT(Y)-10 (U&Z)

1.6K 125 12
                                    

(Unicode)

ဧည့်သည် ရောက်​ေနတယ် ဆိုတာကြောင့် ချုံးရင်က အောက်ထပ် ဧည့်ခန်းဆီ ဆင်းလာခဲ့သည်။ ရည်ရည်မွန်မွန် ကြည်စင်နေတဲ့ မျက်နှာနဲ့ မျက်မှန်ဝိုင်းလေး တပ်ထားတဲ့ ကောင်လေးတယောက်ကို ဧည့်ခန်းထဲမှာ တွေ့လိုက်ရသည်။

*မင်းက...

*ရှောင်းကျန့်ပါ အန်တီ...ဝေသာ့ကုမ္ပဏီမှာ CEOဝမ်ရဲ့ အတွင်းရေးမှူးပါ...

ရှောင်းကျန့်က နေရာမှ ထကာ ဦးညွှတ်လိုက်သည်။ ချုံးရင်က နားလည်သွားသူလို ခေါင်းငြိမ့်ပြလိုက်​ေလသည်။

ဒါဆို...သား သဘောကျနေတာ...ဒီကောင်လေးပေါ့...

*​ေဩာ်...အတွင်းရေးမှူးရှောင်းပေါ့...သားဝမ် ပြော ပြောနေတာ သားကိုး...ထိုင်ပါဦး...
အေး...အေး...တွေ့ရတာ ဝမ်းသာတယ်ကွယ်...ဒါနဲ့ ဘာကိစ္စများ ရှိလို့ ရောက်လာတာလဲကွဲ့...ကုမ္ပဏီမှာ အကြောင်းတခုခုများ ရှိလို့လား...

သဘောကောင်းပုံရတဲ့ CEOဝမ် ရဲ့မိခင်ကို ကြည့်ပြီး ရှောင်းကျန့် စိတ်ထဲမှ အားနာနေမိသည်။

*ဟိုလေ...CEO ဝမ်က ရုံးကို အခုအချိန်အထိ...မရောက်သေးလို့ပါ အန်တီ...ဖုန်းခေါ်တော့လည်း မကိုင်လို့ပါ...အဲ့ဒါ...

CEO ရုံးမတက်လို့ အိမ်အထိ လိုက်ပြီး လာခေါ်တဲ့ အတွင်းရေးမှူးလေးကို ချုံးရင်က သဘောကျစွာ ကြည့်လိုက်သည်။

သားဝမ် ဆိုးသမျှ...အနွံတာခံမယ့် အတွင်းရေးမှူးလေးပေါ့...

*​ေဩာ်...သားဝမ်က ရုံးကို မရောက်သေးဘူးတဲ့လား...
ဟင်းးး ဒီကလေးကတော့ အိပ်ပျက်ခံပြန်ပြီ ထင်တယ်...လူကဖြင့် ခံနိုင်ရည် မရှိဘဲနဲ့...
ဒါပေမဲ့...သားဝမ်က ဒီမှာ မနေဘူး အတွင်းရေးမှူးရှောင်း ရဲ့...

*ဟင်...

CEO ဝမ်ရဲ့ မိခင် စကားကြောင့် ရှောင်းကျန့် အားနာသွားမိသည်။ လူကြီးကို သက်သက်မယ့် စိတ်ပူရအောင် လာပြောမိသည်ဟု ထင်လိုက်သည်။

*ခဏနေဦး...
စုလုံရေ...သားဝမ်ရဲ့ ကွန်ဒိုလိပ်စာ ယူလာခဲ့ဦး...

*ဟုတ်ကဲ့ပါ မမကြီး...

*သားဝမ်က ကွန်ဒိုမှာ...သီးခြားနေတာ အတွင်းရေးမှူးရှောင်းရဲ့...ဒီကနေဆို ဝေးလို့တဲ့လေ...

Run to (you) (U&Z)Where stories live. Discover now