(Unicode)
မိမိ နံဘေးမှာ အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို နံနက်ခင်း အလင်းရောင်မှာ ဝမ်ရိပေါ် ငေးကြည့်နေမိသည်။
ခင်ဗျားက အရမ်း ရိုးရှင်းလွန်းတယ် ရှောင်းရယ်...
ရှက်ရဲရဲ မျက်နှာလေးနဲ့ မိမိ လက်တွေထဲမှ မရုန်းနိုင်သလို ငြိမ်နေခဲ့တဲ့ အကောင်ပေါက်ကို ဝမ်ရိပေါ် ပြန်မြင်ယောင်မိသည်။ မိမိတို့ရဲ့ မိသားစု သခင်္ျိုင်းဆီ ပထမဆုံး ရောက်ဖူးတဲ့ ပြင်ပ ဧည့်သည်ဟာ ရှောင်းကျန့် တယောက်ထဲပင်။ ဖခင်နဲ့ အဖိုး အဖွားတွေ ရှေ့မှာ ဒီလူသားကို လက်ဆွဲပြီး သူ ခေါ်ပြခဲ့သည်။ ပွေ့ဖက်ခဲ့သည်။
နောက်ပြီး.....
ရှက်ရဲရဲ ပါးပြင်နှစ်ဖက်ကို ဝမ်ရိပေါ် ထိကိုင်လိုက်သည်။
အစကနေ...အဆုံးအထိ...ခင်ဗျား လက်ကို ကျွန်တော် လွတ်မချနိုင်ခဲ့ဘူးပဲ...
တအံ့တဩ ကြည့်နေတဲ့ အကြည့်တွေ ကြားထဲမှာပဲ ထိုလူသားရဲ့ နှာဖူးပြင်ဆီ သူ ဖွဖွနမ်းမိသည်။ ပါးပြင် ရဲရဲလေးတွေနဲ့ နောက်ဆုံး နှုတ်ခမ်းပါးတွေအထိ.....
ခင်ဗျားက တကယ်ကို ဆွဲဆောင်နိုင်လွန်းတယ်...ရှောင်းရယ်...
ဝမ်ရိပေါ်က ကျေနပ်စွာ ပြုံးလိုက်သည်။
*ဟင်...CEO နိုးနေပြီလား...ကျွန်တော် အရမ်း အိပ်ပျော်သွားတယ် ထင်တယ်...နောက်ပြီး ကျွန်တော် မသောက်တာလည်း...တော်တော် ကြာပြီလေ...အဲ့ဒါနဲ့ ဟီးးး...
ရှက်ရယ် ရယ်ရင်း ပြောနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ငုံ့မိုးကာ ကြည့်လိုက်သည်။ ရှောင်းကျန့်က ရှက်ရှက်နဲ့ မျက်နှာ လွှဲလိုက်လေသည်။
*ခင်ဗျား အိပ်နေတာကို ကြည့်ချင်လို့ပါ...ရှောင်း...ခင်ဗျားက အရမ်း ချစ်ဖို့ကောင်းတယ်...သိလား...
*အာ...
ပါးပြင်ပေါ်ကို ကျရောက်လာတဲ့ အနမ်းတပွင့်အား ရှောင်းကျန့် ကျေနပ်စွာ လက်ခံလိုက်သည်။
*ဘယ်အချိန် ပြန်မလဲ ဟင်...
*ဘာလို့လဲ...ခင်ဗျား ဒီမှာ မနေချင်လို့လား...
YOU ARE READING
Run to (you) (U&Z)