RT(Y)-42 (U&Z)

1.4K 104 5
                                    

(Unicode)

ဖြန်း...

ရုတ်တရက် ပူစပ်သွားတဲ့ ပါးပြင်ကြောင့် လျန်ရှန့်ပေါ်က ချင်းချင်းကို စူးစူးရဲရဲ ကြည့်လိုက်သည်။

*နင်...ဒါ ဘာလုပ်တာလဲ...

မိမိအား ရုတ်တရက်ကြီး ချိန်းဆိုပြီး အခုလို အရိုက်ခံလိုက် ရတာကြောင့် လျန်ရှန့်ပေါ်က ဒေါသ ထွက်သွားရသည်။

*ရိုက်လိုက်တာလေ...

*ဘာ...

*ဘာလဲ...နာတတ်တယ်လား...မထင်မိဘူး...

*ချင်းချင်း...နင်...

မိမိအား မထိတထိ ပြောဆိုနေတဲ့ ချင်းချင်းကြောင့် လျန်ရှန့်ပေါ်က ဒေါသ ထွက်လာရသည်။

*ငါ လုပ်ရင်...နင် သေတော့မယ်...

*စမ်းကြည့်လိုက်လေ...

ချင်းချင်းက မထီတရီ ဖြေလိုက်သည်။ လျန်ရှန့်ပေါ်က ဒေါသကို ထိန်းချုပ်ထားရသူလို လက်သီးကို တင်းတင်း ဆုပ်ထားသည်။

*ဘာလို့...ငါ့ကို ရိုက်ရတာလဲ...

*အမှန်က သတ်ပစ်ချင်နေတာ...လူစိတ် မရှိတဲ့...တန်ဖိုးမဲ့ သူ တ​ယောက်အတွက်နဲ့...ထောင်ကျ မခံချင်လို့...နားလည်လား...

*ဘာ...

လျန်ရှန့်ပေါ်က အလန့်တကြား အော်မိသည်။ ချင်းချင်းက ခပ်မဲ့မဲ့ ကြည့်​ေလသည်။

*ဒီလောက် သဘောထား သေးနုတ်မှန်း မသိခဲ့လို့...စိတ်ဝင်စားခဲ့မိတာကို...နောင်တရလို့ မဆုံးဘူး...အခုတော့ စိတ်ပျက်တာထက်...ရွံတယ်...သိလား...ရွံတယ်...

မိမိအား လက်ညိုးငေါက်ငေါက်ထိုးကာ ပြောနေတဲ့ ချင်းချင်းကို လျန်ရှန့်ပေါ်က နားမလည်သလို ကြည့်လိုက်သည်။

*ဘာ...ဘာတွေ လာပြောနေတာလဲ...

✏ ✏✏ ✏✏✏

*ဘာ...ဘာတွေ လာပြောနေတာလဲ...

မိမိအား မကျေမနပ် ကြည့်ကာ အော်လိုက်တဲ့ လျန်ရှန့်ပေါ်ကို ချင်းချင်းက စူးစူးရဲရဲ ကြည့်လိုက်သည်။

*ကိုယ့်အကြောင်း ကိုယ်သိလေ...နင့်လိုကောင်ကို အလွတ်ပေးမယ် မထင်နဲ့...အတွင်းရေးမှူးရှောင်းအတွက် တရားမျှတအောင်...လုပ်မယ်...တန်ရာတန်ကြေးတော့ နင် ပြန်ပေးရမယ်...စိတ်ချ...

Run to (you) (U&Z)Where stories live. Discover now