(Unicode)
*ဟင်းးး...
*ဘာဖြစ်နေတာလဲ ချန်စူး...ရှင့် ကြည့်ရတာလဲ...မသက်မသာနိုင်လိုက်တာ...ဘာဖြစ်နေလို့လဲ...
မိမိရှေ့မှာ ထိုင်ပြီး သက်ပြင်း တဟင်းဟင်း ချနေတဲ့ ချန်စူးကို ချင်းချင်းက သိချင်စိတ်နဲ့ မေးလိုက်သည်။
*ဟိုသတ္တဝါကို ဖမ်းလို့ မရသေးဘူးလေ...အဲ့ဒါကို စိတ်မောနေတာ...
ချန်စူးက စိတ်ပျက် လက်ပျက် ပြောလိုက်သည်။
*ဘယ်သတ္တဝါလဲ...
*မင်းရဲ့ အချစ်ဆုံးကြီး...
ချန်စူးက စိ်တ်ပေါက်ပေါက်နဲ့ ပြောလိုက်သည်။
*ဘာ...တော်စမ်းပါ...စိတ်ကုန်လွန်းလို့...သူ့ ယူမယ့်အစား ရှင့်ကိုပဲ ယူမယ်...
*ဟာ...
ချင်းချင်းရဲ့ ခပ်ဆတ်ဆတ် အပြောကြောင့် ချန်စူး မျက်နှာ ရဲသွားရသည်။
*ဘာဖြစ်သွားတာလဲ...ကျွန်မက ရှက်ရမှာလေ...
*ကျွန်တော်က တခါမှ...အဲ့လို့ အပြော မခံခဲ့ရဖူးဘူးလေ...
မျက်နှာတင်မက နားရွက်တွေပါ နီရဲလာနေတဲ့ ချန်စူးကို ကြည့်ရင်း ချင်းချင်းက ခပ်မြူးမြူးလေး ရယ်လိုက်သည်။
*ကျွန်မလည်း မပြောဖူးပါဘူး...ဒါပေမယ့် ရှင့်ကို တကယ် သဘောကျတယ်...ဒါကတော့ အတည်ပြောတာပါ...ကျွန်မကို အဖြေ ပြန်ပေးဦးလေ...
*ဟင်...
မျက်လုံးပြူးကာ ကြည့်နေတဲ့ ချန်စူးကို ချင်းချင်းက ခေါင်းလေး ငြိမ့်ပြသည်။
*ငြင်းမယ်တော့ မကြံနဲ့နော်...ရဲစခန်းက တထောင့်တညပုံပြင်ထက် ဆိုးသွားမယ်...အဟင်း...
သေစမ်းကွာ...ဘယ်လိုကြောင့်...ဒီအရှုပ်ထုပ်က ငါ့ဘက် လှည့်လာရတာလဲ...
✏ ✏✏ ✏✏✏
မိခင်ခေါ်လို့သာ လာရပေမယ့် လက်ထဲမှ ဖုန်းကို အဆက်မပြတ် ခေါ်ရင်း ဝမ်ရိပေါ်က အိမ်ထဲကို ဝင်လိုက်သည်။
ဘာလဲကွာ...ဒါက စိတ်ဆိုးစရာ မို့လို့လား...
ဝမ်ရိပေါ်က မကျေမနပ် တွေးလိုက်သည်။ ချင်းချင်းဆီမှ ချန်စူး ရလာတဲ့ သက်သေက လျန်ရှန့်ပေါ်ကို ဖမ်းချုပ်နိုင်ဖို့ လုံလောက်ခဲ့သည်။
YOU ARE READING
Run to (you) (U&Z)