RT(Y)-17 (U&Z)

1.5K 116 9
                                    

(Unicode)

CEO ဝမ်နဲ့ လျန်ရှန့်ပေါ်က ကြေငြာရိုက်တဲ့ ကိစ္စအတွက် အပြင်ထွက်သွားပြီမို့ ရှောင်းကျန့်လည်း အေးဆေးစွာပဲ ရုံးခန်းထဲမှာ ကျန်နေခဲ့သည်။ မနက်ခင်းက လျန်ရှန့်ပေါ်ကြောင့် ရှုပ်ပွသွားတဲ့ CEOဝမ်ရဲ့ စားပွဲကိုလည်း ရှင်းပေးလိုက်သေးသည်။

ဆွဲလက်စ မသေမသပ် ဖြစ်နေတဲ့ ဝတ်စုံရဲ့ ပုံကို လက်စသတ်ပြီးနောက် ရှောင်းကျန့်က နာရီကို ကြည့်လိုက်သည်။

*အား...၅ နာရီခွဲတော့မယ်...နောက်ကျတော့မှာပဲ...

ဘေးလွယ်အိတ်ကို ပြင်ကာ ကဗျာကယာ ပြေးထွက်ခဲ့သည်။ အောက်ဆုံးထပ်ရောက်တာနဲ့ ဝင်ပေါက်မှာ အဆင်သင့်စောင့်နေတဲ့ ကားတစီးကို တွေ့လိုက်ရသည်။ မိမိကို မြင်တာနဲ့ ဉီးညွတ်ကာ ကားတံခါး ဖွင့်ပေးနေသည်မို့လည်း ရှောင်းကျန့် အပြေးသွားလိုက်သည်။

CEOဝမ်ရဲ့ ကားနဲ့ model တူ ကားဖြစ်သည့်အပြင် နံပါတ်ကလည်း ဂဏာန်းတလုံးသာ ကွာသည်မို့ လူတိုင်းက စိတ်ဝင်တစား ရှိနေကြသည်ကိုတော့ ရှောင်းကျန့် သတိမထားမိ။

*ဘယ်လိုလဲ မုလုံ...စိတ်ဝင်စားစရာ မကောင်းဘူးလား...တကယ်တော့ ငါတို့က လျန်လုလောက် ဉာဏ်မပြေးဘူးပဲ...သူ ကုမ္ပဏီကို သိမ်းဖို့ ကြိုးစားနေပုံက သိပ်ကို ပိရိလွန်းတယ်...

ထွက်သွားတဲ့ ကားလေးကို ကြည့်ပြီး လီချန်ဟုတ်က ပြောလိုက်သည်။ ကျောက်မုလုံက ယောင်ဝါးဝါးနဲ့ ခေါင်းငြိမ့် ပြလေသည်။

✏ ✏✏ ✏✏✏

လျန်ရှန့်ပေါ် တယောက် CEOဝမ် အနားထိုင်ပြီး shooting ကို ကြည့်နေသည်။ တချက်တချက် မသိသာနဲ့ CEO ဝမ်ရဲ့ လက်မောင်းကို ကိုင်ကာ ခပ်တိုးတိုး စကားပြောဖြစ်သည်။ ရိုက်ကွင်းတခုလုံးမှ လူတွေကလည်း သူနဲ့ CEOဝမ်ကို နားလည်တဲ့ပုံနဲ့ သိပ်အနားမကပ်ကြ။

*model က နည်းနည်း အရပ်ပုနေတယ်နော် CEO...inter မမီဘူး ထင်ရတယ်...

*မင်း ရှာထားတဲ့ သူပဲလေ... ဒါပေမယ့် မင်းထက်တော့ ရှည်မယ့်ပုံပါ...ကြည့်ကောင်းပါတယ်...

*မိတ်ကပ်က နည်းနည်း ကြည့်ရဆိုးသလိုပဲ...

*ဒါဆို မင်း သွားပြင်ပေးလိုက်ပေါ့...

Run to (you) (U&Z)Where stories live. Discover now