RT(Y)-29 (U&Z)

1.3K 120 10
                                    

(Unicode)

ရောက်သင့်ချိန်မှာ ရောက်မလာတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ရင်ပူနေရသည်။ ထို့ကြောင့် ချန်စူးကားကို tracking လိုက်ကြည့်​ေနမိသည်။

*ဟင်...

မိမိတို့ ရှိရာနဲ့ ဆန့်ကျင်ဘက်လမ်းမှာ ပျောက်သွားသဖြင့် ဝမ်ရိပေါ် ငြိမ်မနေနိုင်တော့။ ကုတ်တထည်ကို ကောက်စွပ်ကာ အိမ်လေးထဲမှ ထွက်လာခဲ့သည်။

*ကောကော...

*ချင်းချင်း...မအိပ်သေးဘူးလား...ဘာလုပ်နေတာလဲ...

ညလေအေးမှာ အိမ်ရှေ့ ကွက်လပ်ထဲ ထိုင်နေဆဲ ချင်းချင်းကြောင့် ဝမ်ရိပေါ်က မေးလိုက်သည်။

*အတွင်းရေးမှူးရှောင်းလေ...မရောက်လာသေးဘူး...လမ်းများ မှားနေလား မသိဘူး...အဲ့...ဒါ...

ချင်းချင်းက ဝင်ပေါက်လမ်းဆီ မျှော်ရင်း ပြောလိုက်သည်။

*အင်း...ကောကောလည်း စိတ်ပူလို့...အခုပဲ သွားခေါ်မလို့ ထွက်လာတာ...

*ဒါဆို ချင်းချင်းလည်း လိုက်မယ်လေ...ဘယ်လို သွားကြမလဲ...

*ဒီက အစောင့်ဆီမှာတော့ ကားရှိလိမ့်မယ်...သွားစို့...

ဝမ်ရိပေါ်က Guest house အစောင့်ဆီမှ ကားကို ယူကာ ထွက်လာခဲ့ကြသည်။ ချန်စူးကားရဲ့ အချက်ပြစနစ် ပျေက်သွားရာ နေရာအထိ မောင်းလာခဲ့သည်။

*ကောကော...ဒီဘက်က ဆောက်လက်စတွေ ရပ်ထားတဲ့ဘက် မဟုတ်လား...ဘာလို့ ဒီဘက်ကို သွားနေတာလဲ...

ချင်းချင်းက နားမလည်စွာ မေးလိုက်သည်။

*ဟုတ်တယ်...အတွင်းရေးမှူးရှောင်း ကားမှာ တပ်ထားတဲ့ ခြေရာခံစက်က...ဒီအနားအထိပဲ ပြထားတယ်...အဲ့တော့ ရှေ့ဆက် လိုက်ရမှာပဲ...

ဝမ်ရိပေါ်က ကားကို စက်ရှိန်မြှင့်ကာ ထွက်ခဲ့သည်။ အတော်ဝေးဝေး ရောက်လာချိန်မှာ မီးရောင်တခုကို မြင်လိုက်ရသဖြင့် ထိုနေရာဆီ ဦးတည်လိုက်သည်။

ဟင်...

ကားမီးရောင် အောက်မှာ မြင်နေရတဲ့ တိုက်ပွဲက ဘက်မညီလှ။ သို့သော်လည်း ချန်စူးက ကောင်းမွန်စွာ တိုက်ခိုက်နေသည်။ ဝမ်ရိပေါ်က ကားပေါ်မှ အပြေးဆင်းကာ ရှောင်းကျန့် ရှိရာဆီ ကြည့်လိုက်သည်။

Run to (you) (U&Z)Where stories live. Discover now