(Unicode)
တီးတီတီး...တီးတီတီး...
အဆက်မပြတ် မြည်လာတဲ့ Alarm သံကြောင့် ရှောင်းကျန့် မနိုးချင်ဘဲ နိုးလာရသည်။ လက်တကမ်းမှာ ချထားတဲ့ ဖုန်းဆီကို လက်လှမ်းရန် ပြင်လိုက်ပေမယ့် ရုတ်တရက် ရပ်သွားတာကြောင့် ရှောင်းကျန့် လန့်သွားရသည်။
ဟင်...
မိမိအား တစုံတယောက်က ဖက်ထားသည်ကို ခံစားလိုက်ရသဖြင့်လည်း ရှောင်းကျန့် မျက်လုံးတို့ ပြူးကျယ် သွားရသည်။
*ရိ...ပေါ်...
မင်း အိမ် မပြန်ဘူးလား...ရှောင်းကျန့်က အလန့်တကြား မေးမိသည်။
*ရှောင်းမှ မရှိတာ...ဘာလုပ်ဖို့ ပြန်မှာလဲ...ပြီးတော့ ရှောင်း မရှိဘဲ...ဘယ်လိုလုပ်ပြီး အိပ်ပျော်မှာလဲ...
မိမိအား တိုးဖက်ကာ မျက်လုံးမဖွင့်တဲ့ ဝမ်ရိပေါ်ကို မနက်ခင်းအလင်းရောင် ဖျော့ဖျော့မှာ ရှောင်းကျန့် ေငးကြည့်မိသည်။
*မင်းအတွက်...ငါက ဘာအထောက်အကူမှ မပေးနိုင်တာကို...မင်း စိတ်မပျက်ဘူးလား ရိပေါ်...ငါ မင်းကို ဘာမှ မကူညီနိုင်ဘူးလေ...
ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းတို့ ကွေးညွတ်သွားသည်။
*ဘာဖြစ်ရမှာလဲ...ရှောင်း အနားမှာ ရှိေနခွင့် ရနေတာကိုက...ကျွန်တော့်အတွက် အားပဲလေ...စိတ်ပျက်စရာလား...
*ဒါဆို လျန်ရှန့်ပေါ်ကရော...
*လျန်ရှန့်ပေါ်လား...
ရှောင်းက ဘယ်လို ထင်လို့လဲ...သူက ကျွန်တော့်အတွက်...ဘာမှ မဟုတ်ဘူးနော် ရှောင်း...ဝမ်ရိပေါ်က အရေးမပါသလို ပြောလိုက်သည်။
*ဒါပေမယ့် ငါက သူ့လောက်...မင်း တောင်းတဲ့ အကူအညီကို မပေးနိုင်ဘူးလေ...
ရှောင်းကျန့်က မရေမရာ ရေရွတ်လိုက်သည်။ ဝမ်ရိပေါ်က မျက်လုံး ဖွင့်ကာ ကြည့်လိုက်ေလသည်။
*သူ့ကို ကျွန်တော်က အကူအညီ တောင်းနေရတယ်လို့...ရှောင်းက ထင်တယ်ပေါ့...
*မဟုတ်လို့လား...
ရှောင်းကျန့်က မော့ကြည့်ကာ မေးလိုက်သည်။
YOU ARE READING
Run to (you) (U&Z)