(Unicode)
*အခုတော့ ယုံပြီ မဟုတ်လား အစ်ကိုလီ...
ရှို့တီက မိမိ ရှေ့မှ လီချန်ဟုတ်ကို ပြောလိုက်သည်။ ကျောက်မုလုံကတော့ ထိတ်လန့်နေဟန် ရှိလေသည်။
*အင်းးး...မယုံချင်ပေမယ့် ယုံရေတာ့မလိုပဲ ရှို့တီ...ဒါပေမယ့်...ငါ မကျေနပ်သေးဘူး...ငါ ကိုယ်တိုင် ရှင်းခဲ့တဲ့ ကောင်က... ဘာလို့ ဒီလို ပြန်ပေါ်လာရတာလဲ...မဖြစ်နိုင်ဘူးလေ...
လီချန်ဟုတ်က စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
*ဒီအကြောင်းကို သိတာ...အစ်ကိုလျန်ပဲ ရှိတာနော်...သူ မလုပ်ရင်...ဘယ်သူလုပ်မလဲ...
အခွင့်ရတုန်း ရှို့တီက သူ့အထင် မှန်ကြောင်းကို ပြောလိုက်သည်။ ကျောက်မုလုံက ခေါင်းငုံ့ သွားလေသည်။ သူ နားမလည်နိုင်တော့ဘူးလေ။
*အခု...ဘာဆက်လုပ်ကျမလဲ အစ်ကိုလီ...
ကျောက်မုလုံက ခပ်တိုးတိုး မေးလိုက်သည်။
*ငါ...ဟိုကောင့် အလောင်းကို ပြန်ဖော်ပြီး...စစ်ကြည့်မယ်...ရှိနေသေးရင်...လျန်လုကို ရှင်းပစ်မယ်...ကျန်တာက ငါ ပြောခဲ့တဲ့ အတိုင်းပဲ...
လီချန်ဟုတ်က သွေးအေးစွာ ပြောလိုက်သည်။ ကျောက်မုလုံကတော့ သက်ပြင်းချလေသည်။ ရှို့တီ မျက်နှာက တင်းမာ သွားလေသည်။
ဝုန်း...
*ဒီစာက...ဘာသဘောလဲ အန်ကယ်လ်လီ...
ရုတ်တရက် အခန်းတံခါးပွင့်သံကြောင့် အားလုံး လှည့်ကြည့်လိုက်ကြသည်။
✏ ✏✏ ✏✏✏
ဝုန်း...
*ဒီစာက...ဘာသဘောလဲ အန်ကယ်လ်လီ...
*CEO ဝမ်...ဒီလို မလုပ်ပါနဲ့...
အခန်းထဲကို ရှေ့ဆင့် နောက်ဆင့် ဝင်လာတဲ့ ဝမ်ရိပေါ်နဲ့ လီချန်ဟုတ်ရဲ့ အတွင်းရေးမှူးမလေးကို အားလုံး လှည့်ကြည့်လိုက်ကြသည်။
*ရိပေါ်...ဘာဖြစ်လာတာလဲ...လာထိုင်လေ...
မင်း သွားလို့ရပြီ...ကိစ္စ မရှိဘူး...ထားခဲ့...လီချန်ဟုတ်က အသံကို ထိန်းရင်း အတွင်းရေးမှူးမလေးကို ပြောလိုက်သည်။ ဝမ်ရိပေါ်က လက်ထဲမှ အနက်ရောင် စာအိတ်ကို ထောင်ပြလိုက်သည်။
YOU ARE READING
Run to (you) (U&Z)