RT(Y)-22 (U&Z)

1.4K 109 4
                                    

(Unicode)

အိတ်အတွက် Pre-order တွေ ရောင်းအားတက်သဖြင့် ရှောင်းကျန့်တို့ ပျော်နေကြသည်။

*ကဲ...အခုတော့ စက်ရုံက ဖြန့်ဖြူးနိုင်အောင်...များများ ထုတ်ပေးဖို့ပဲ လိုတော့တယ်...

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ကြည့်ကာ ပြောလိုက်သည်။ ကျန်လူများကလည်း စိတ်အားထက်သန်စွာ ရှိနေလေသည်။

*ဒါဆို စက်ရုံကို ကျွန်တော်နဲ့ ထိုက်ယုံ ထပ် သွားပြီး...ညှိနှိုင်းလိုက်ပါမယ် CEO...

ရှောင်းကျန့်က ထိုက်ယုံကို လှမ်းကြည့်ကာ ပြောလိုက်သည်။

*ဒီတခေါက်တော့...ကျွန်တော်နဲ့ အတွင်းရေးမှူးရှောင်းပဲ သွားရအောင်...
ထိုက်ယုံ...မင်း ဆွဲနေတဲ့ မိုးကာသား ဝတ်စုံတွေကို...မြန်မြန် လက်စသတ်ပေးပါ...ငါ final design ကြည့်ချင်တယ်...

*ဟုတ်ကဲ့ပါ CEO...

ထိုက်ယုံက ဝမ်ရိပေါ် စကားကို ခေါင်းငြိမ့်လိုက်သည်။

*ဒါဆို ကျွန်တော်ပါ လိုက်ခဲ့မယ် CEO...စျေးနှုန်း ညှိဖို့အတွက်...

လျန်ရှန့်ပေါ်က သွက်လက်စွာ ပြောလိုက်သည်။

*ချင်းချင်းလည်း လိုက်မယ်နော် ကိုကိုလျန်လေး...

*ဟာ...ဘာလုပ်ဖို့ လိုက်မှာလဲ...နေခဲ့...

လျန်ရှန့်ပေါ်က ငြင်းဆန်လိုက်သည်။ ဝမ်ရိပေါ်က ဖွဖွရယ်လေသည်။

*မင်းတို့ကိုပါ ခေါ်နေရင်...ဒီမှာ ဘယ်သူက တာဝန်ခံ​​ပေးမလဲ...နေခဲ့ကျ...ဒီလောက် စျေးကိုတော့ ငါ ညှိနိုင်ပါတယ်...မလိုပါဘူး...
ရှောင်း...နေ့လည်စာ မစားခင်သွားမယ်...အပြင်မှာပဲ စားလိုက်ကြတာပေါ့...ညနေ သင်တန်း မရှိဘူး မဟုတ်လား...

*ဟုတ်...မရှိပါဘူး CEO...

ရှောင်းကျန့် ခေါင်းငြိမ့်လိုက်သည်။

*ဒါဆို မနက်ဖြန် ပိတ်ရက်ဆိုတော့...အတွင်း​ရေးမှူးရှောင်းက အေးဆေးပေါ့...

*ဒါပေါ့...

ထိုက်ယုံ စကားကို ရှောင်းကျန့်က လက်မ ထောင်ပြလိုက်​ေလသည်။

✏ ✏✏ ✏✏✏

ကားမောင်းနေတဲ့ ဝမ်ရိပေါ်ကို နံဘေးမှ ထိုင်ရင်း ရှောင်းကျန့် ငေးနေမိသည်။ အရင်ကလို အလုပ်ကို စိတ်မဝင်စားတဲ့ ပေါ့ပျက်ပျက် CEO မဟုတ်တော့ပဲ အလုပ်ကို စိတ်နှစ်ကာ လုပ်တတ်ပြီး အမြင်ရှိတဲ့ CEO ဖြစ်နေပြီ။ အရင်လို ရယ်ရယ်မောမော ပြောင်ချော်ချော် အကျင့်တွေ မရှိတော့ပဲ တည်တင်းတင်းနဲ့ အနေအထိုင်သေသပ်တဲ့ CEO ကို မြင်နေရသည်။

Run to (you) (U&Z)Where stories live. Discover now