(Unicode)
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ကြင်နာစွာ ကြည့်နေခဲ့သည်။ ဒီနေ့ ရှောင်းကျန့်က မိဘတွေဆီ ပြန်လိမ့်မည်။ ကိုယ်တိုင် လိုက်ပို့ချင်ပေမယ့် ကုမ္ပဏီက လက်လွှဲလို့ မရ။ ထို့ကြောင့် ချန်စူးက သူ့ကိုယ်စား လိုက်ပို့ပေးလိမ့်မည်။
*နိုးနေပြီလား ရိပေါ်...
မိမိအား မော့ကြည့်ကာ မေးလိုက်တဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က ငုံ့မိုးကာ ကြည့်လိုက်သည်။
*မဟုတ်ဘူး...မအိပ်ရသေးတာ...ရှောင်းရဲ့...
*ဘာ...လို့...
*မိုးလင်းရင် ရှောင်းက...ခရီးသွားတော့မှာလေ...မနက်ဖြန်ဆို ရှောင်းကို...မတွေ့ရတော့ဘူး...ကျွန်တော့်ကို မေ့မသွားရဘူးနော်...
ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့် မျက်နှာလေး ညိုးငယ်သွားသည်။ ထို့နောက် ဝမ်ရိပေါ် မျက်နှာကို လက်နှစ်ဘက်နဲ့ အုပ်ကိုင်ကာ ဆွဲယူလိုက်သည်။
*ငါ့ကို မနမ်းတော့ဘူးလား ရိပေါ်...မင်း လွမ်းနေမယ်ဆို...
*ဒီလောက်နဲ့ ဘယ်လိုလုပ်ပြီး နှစ်သိမ့်နိုင်မှာလဲ...
ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်က သဘောကျစွာ ပြုံးလိုက်သည်။
*မင်းကို နှစ်သိမ့်နိုင်လောက်မယ်ဆို...ဘာဖြစ်ဖြစ် ငါ လုပ်ပေးမယ်...
*ဒါဆို...မနက်ဖြန်မှ ပြန်လေ...ဒီတနေ့တော့ ကျွန်တော့်ကို နှစ်သိမ့်ပေးပါဦး...
*ကောင်းပြီ...မင်း သဘောပဲ...
မိမိ မျက်နှာပေါ် အုပ်မိုးလာတဲ့ မျက်နှာနုနုလေးကို ရှောင်းကျန့် မလွှဲဖယ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်လည်း နှစ်သိမ့် ပေးချင်နေခဲ့လို့ပါ။
✏ ✏✏ ✏✏✏
*ကျွန်တော့်ကို မသေချာတဲ့...အကြောင်းအရင်း တခုနဲ့...ဖမ်းချုပ်ချင်နေတာကို ရပ်သင့်ေနပြီ...မဟုတ်ဘူးလား ဝမ်ကော...
မိမိ ရုံးခန်းထဲကို ခွင့်မတောင်းဘဲ ဝင်လာတဲ့ လျန်ရှန့်ပေါ်အား ဝမ်ရိပေါ်က စိတ်ရှုပ်စွာ လှမ်းကြည့်လိုက်သည်။
YOU ARE READING
Run to (you) (U&Z)