RT(Y)-15 (U&Z)

1.5K 113 9
                                    

(Unicode)

မနက်ခင်းမှာ ဝမ်ရိပေါ်က လန်းဆန်းစွာ နိုးထလာခဲ့သည်။ မနေ့ညကပင် ခပ်စောစော အိပ်ကာ ဒီမနက်အတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ဒီနေ့က ရှောင်းကျန့် ဌာန ပြောင်းမယ့်နေ့ မဟုတ်လား။

နက်ကတိုင်ကို စိတ်ကြိုက် အလျော့အတင်း လုပ်ပြီးနောက် ကုတ်ကို သေသပ်စွာ ထပ်ဝတ်လိုက်သည်။

*အခု သားဝမ်ရဲ့ အစွမ်းအစကို ပြဖို့ အချိ်န်ရောက်ပြီလေ...သားဝမ် ဘာလုပ်နိုင်တယ်...ဘယ်လောက် အရည်အချင်း ရှိတယ် ဆိုတာကို ပြလိုက်ပေါ့...

မား ပြောသလို ဝမ်ရိပေါ် ဘာလဲဆိုတာ ပြဖို့ အချိန်ရောက်ပြီ။ ဝမ်ကျို့မင်ရဲ့ သားမှာ အရည်အချင်း ဘယ်လောက်ရှိလဲ သိသင့်ပြီလို့ ထင်တယ်လေ။

ကုတ်အကျင်္ ီ ကြယ်သီးကို တပ်ပြီးနောက် ဝမ်ရိပေါ် တယောက် ကွန်ဒိုခန်းမှ ဆင်းခဲ့သည်။ ဒီနေ့အတွက် အရာရာ ပြင်ဆင်ခဲ့ပြီးပြီ မဟုတ်လား။

✏ ✏✏ ✏✏✏

*ဟယ်...အဲ့ဒါ CEO ဝမ်လား...

*မြတ်စွာဘုရားရေ...အနောက်က နေ ထွက်လာတာလား...

*ဒီလိုကျတော့လည်း...ခန့်ချောကြီး...ဟိ...

်*ဘယ်လောက်ပဲ ဆူဆူ...ဘယ်လောက်ပဲ မာန်မာန်...ဒီလို ပုံမျိုးဆိုရင်တော့ ပြေးပြီး ဒူးထောက်ချင်ပြီ...

ဝေသာ့ရဲ့ ဒီမနက်ခင်းမှာ အရာရာက ထူးဆန်းနေသည် မဟုတ်လား။ ဂျင်းပန့်နဲ့ တီရှပ်ဝတ်ကာ ပေစုတ်စုတ် ညစ်ကျယ်ကျယ် ရုံးလာတက် တတ်သည့် CEOဝမ်က ယနေ့တော့ အခြား CEOများ နည်းတူ အနောက်တိုင်း ဝတ်စုံအပြည့်နဲ့ ရုံးကို ရောက်ချလာသည်။

ခပ်အေးအေး လှမ်းလျှောက်သွားတဲ့ ခြေလှမ်းတွေထဲမှာ ဆွဲဆောင်မှု တစုံတရာ ပါရှိနေသလိုပင်။ ကုမ္ပဏီ lobby မှာ ရှိနေတဲ့ လူများက အထူးအဆန်းလို လိုက်ငေးနေကြသည်။ ယုတ်စွအဆုံး တံခါးဖွင့်ပေးတဲ့ security ပင် တံခါးပြန်ပိတ်ဖို့ မေ့ကာ ငေးကြည့်နေမိသည် အထိ။

*CEO ဝမ်...

လျန်ရှန့်ပေါ်က ဓာတ်လှေကား အပေါက်ဝမှာ အဆင်သင့် စောင့်ကာ ကြို​ေနသည်။ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းထက်၌ တိတိပပ အချိုးကျတဲ့ အပြုံးတခု ပေါ်လာသည်။

Run to (you) (U&Z)Where stories live. Discover now