(Unicode)
ဒေါက်...ဒေါက်...
*ဝင်ခဲ့ပါ...
တံခါး ခေါက်သံကြောင့် ရှောင်းကျန့်က အပြေး ဖွင့်ပေးလိုက်သည်။
*အာ...CEO ရှို့...ဝင်ပါ...
ရှောင်းကျန့်က ရှို့တီအား ခရီးဦးကြို ပြုလိုက်သည်။ ဝမ်ရိပေါ်က နေရာမှ လှမ်းကြည့်လေသည်။
*အန်ကယ်လ်ရှို့...လာလေ...ထူးထူးဆန်းဆန်း...ကျွန်တော့်ဆီကို ရောက်လာပါလား...ဘာကိစ္စများ ရှိလို့လဲ...
*အဟင်း...
ရှို့တီက ရှောင်းကျန့်ကို ကြည့်ကာ ဆက်တီမှာ ဝင်ထိုင်လိုက်သည်။
*CEO...ကျွန်တော်...ထိုက်ယုံတို့နဲ့ နောက်ထုတ်မယ့် ဝတ်စုံ designကို...သွား ရွေးလိုက်ပါဦးမယ်...
ရှောင်းကျန့်က အလိုက်တသိ ပြောလိုက်သည်။
*အင်း...ကောင်းပြီလေ...သွားပါ...
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ခွင့်ပြုရင်း ရှို့တီ ရှိရာ ဆက်တီဆီ လျှောက်လာခဲ့သည်။
*အန်ကယ်လ်ရှို့...ပြောစရာ ရှိလို့လား...
*အင်းးး...ရိပေါ်...ငါ မင်းနဲ့ ဆွေးနွေးစရာ နည်းနည်း ရှိတယ်...
*ဆွေးနွေး...စရာ...
ဘာအကြောင်းများလဲ အန်ကယ်လ်ရှို့ရဲ့...ရှို့တီ စကားကို ဝမ်ရိပေါ်က နားမလည်စွာ ပြန်မေးလိုက်သည်။ ရှို့တီက စဥ်းစားနေပုံဖြင့် ငြိမ်သက်သွားသည်။
*ရိပေါ်...ဒီအကြောင်းတွေ မပြောခင်...ငါတို့ သဘောတူညီမှု တခုလောက်...လုပ်ကြရအောင်...
*သဘောတူညီမှု...ဟုတ်လား အန်ကယ်လ်ရှို့...ဘာအတွက်လဲ...
ဝမ်ရိပေါ်က အံ့ဩစွာ မေးလိုက်သည်။ ရှို့တီက သက်ပြင်းတချက် ရှိုက်လိုက်သည်။
*ဟုတ်တယ်...ငါ့အတွက် အဲ့ဒါက အရေးကြီးတယ်...အခု မင်းဆီ လာခဲ့ဖို့တောင်...ငါ အများကြီး စဥ်းစားခဲ့ရတာ...ဟင်းးး...
ဝမ်ရိပေါ်က ခေါင်းတငြိမ်ငြိမ့်နဲ့ ပြုံးလိုက်သည်။
*ကောင်းပြီလေ...အကြောင်းအရင်းက ဘာလဲဆိုတာ...အရိပ်အမြွက်လောက် သိရရင်တော့...စဥ်းစား ပေးရမှာပေါ့...
YOU ARE READING
Run to (you) (U&Z)