RT(Y)-20 (U&Z)

1.6K 116 11
                                    

(Unicode)

*အင်းးးးး...ရုံးပိတ်ရက်ဆိုတော့...အိပ်လို့ ကောင်းလိုက်တာ...ဘယ်နှနာရီ ရှိပြီလဲ...

ရှောင်းကျန့်က မျက်လုံး မဖွင့်ပဲ ဖုန်းကို လက်နဲ့ စမ်းလိုက်သည်။ ထားနေကျ အိပ်ရာဘေးမှာ မတွေ့သဖြင့် ရှောင်းကျန့် မျက်လုံး ဖွင့်လိုက်သည်။

ဟင်...ဒါ ဘယ်နေရာကြီးလဲ...

အလန့်တကြား တွေးရင်း မိမိဖုန်းကို နံဘေးမှ စားပွဲပေါ်တွင် တွေ့သဖြင့် ရှောင်းကျန့်က ကောက်ယူ ကြည့်လိုက်သည်။

၁၁ နာရီခွဲလား...
ဒါ...က...ဘယ်...နေ...ရာ...

အနည်းငယ် ရင်းနှီးသလို ခံစားရသဖြင့် ရှောင်းကျန့် ဖြည်းဖြည်းခြင်း စဥ်းစားနေရသည်။

CEO...ဝမ် ရဲ့ အိပ်ခန်းလား...
ဘုရားရေ...ငါ ဘယ်လိုရောက်နေတာလဲ...မနေ့က ဘာတွေလုပ်မိလို့လဲ...

ရှောင်းကျန့်က နားမလည်စွာ တွေးနေမိသည်။

မနေ့က.....

✏ ✏✏ ✏✏✏

*အတွင်းရေးမှူးရှောင်း...ကျွန်တော် အပြင်သွားစရာရှိတယ်...အဲ့ကနေပဲ ရုံးဆင်းမှာမို့...ခင်ဗျားတို့ ဆွဲထားတဲ့ design တွေကို...ကျွန်တော့် စားပွဲပေါ် တင်ထားပေးခဲ့...ရံုးဖွင့်ရက်ကျမှ ကျွန်တော် ကြည့်လိုက်မယ်...

ဝမ်ရိပေါ်က အနောက်တိုင်းဝတ်စုံကို သပ်ရပ်အောင် ပြင်ရင်း ပြောလိုက်သည်။

*ကောင်းပါပြီ CEO...

ရှောင်းကျန့်က နေရာမှ ရပ်ကာ ပြောလိုက်သည်။

*နောက်ပြီး အိတ်တွေ အတွက် pre order ကောက်ထားတဲ့...data collection လည်း လိုချင်တယ်...အခြေအနေကြည့်ရအောင်...

*ဟုတ်ကဲ့ပါ...

*ဒါဆို ကျွန်တော် သွားပြီ...

မိမိအား နှုတ်ဆက်ကာ ထွက်သွားတဲ့ CEO ဝမ်က မိမိ မြင်ကွင်းမှ ပျောက်သွားတာနဲ့ ရှောင်းကျန့်က ထိုက်ယုံဆီ ပြေးတော့သည်။

*ထိုက်ယုံ...ငါ ကြေငြာ shooting ကို သွားမှာနော်...မင်း ငါ့ကို ဒီက ကိစ္စတွေ လုပ်ပေးထားဦး...

*ဟုတ်ကဲ့...လုပ်ပေးထားမယ် အတွင်းရေးမှူးရှောင်း...

ဝမ်ရိပေါ် မှာခဲ့သမျှ ထိုက်ယုံကို ပြောကာ ရှောင်းကျန့် ထွက်ခဲ့သည်။ ရုံးအောက် ရောက်တာနဲ့ အနောက်တိုင်းဝတ်စုံ အပြည့်နဲ့ မိမိအတွက် driver က အဆင်သင့် ေစာင့်နေလေသည်။

Run to (you) (U&Z)Where stories live. Discover now