RT(Y)-24 (U&Z)

1.4K 113 4
                                    

(Unicode)

CEO ဝမ်ရဲ့ အမိန့်နဲ့ အခန်းပြင်ရောက်သွားတဲ့ လျန်ရှန့်ပေါ်က ဝမ်ရိ​ေပါ်ရဲ့ ရုံးခန်းဆီ တနေ့ကို အခေါက်ပေါင်းများစွာ ဝင်ထွက်နေတတ်သည်။ ထိုအခါများတွင် သူ့လက်ထောက် ချင်းချင်းပါ ရောက်လာတတ်ကာ ရုံးခန်းလေးအတွင်း ငြင်းခုန်သံများပါ ပေါ်လာလေတော့သည်။ အခုလည်း အရေမရ အဖက်မရ အကြောင်းအရာ တခုကို ဝမ်ရိပေါ် ရှေ့မှာ ငြင်းခုန် နေပြန်လေသည်။

*ငါ ပြောပြီးသားလေ...မင်း ဝင်မပါနဲ့လို့...

လျန်ရှန့်ပေါ်က စိတ်ရှုပ်သလို အော်လိုက်သည်။ ချင်းချင်းက မျက်စောင်း ထိုးလိုက်သည်။

*ဒါက ချင်းချင်း အလုပ်လေ...ကိုကိုလျန်လေးကို ကူညီဖို့ ခန့်ထားခံရတဲ့သူက...ဒါတွေမလုပ်လို့ ဘာလုပ်ရမှာလဲ...

*အဲ့ဒါ ငါ့အလုပ်ပါ ဆိုနေ...

*တော်တော့...နောက်ဆို ရုံးခန်းထဲကို မင်းတို့ တယောက်ချင်းစီလာ...နှစ်ယောက် ပြိုင်မလာနဲ့...

ဝမ်ရိပေါ် ထအော်လိုက်မှ ငြင်းခုံခြင်းက အဆုံးသတ်သွားခဲ့ရသည်။

*ဘာကိစ္စလဲ...

*Show ပွဲ ကိစ္စပါ CEO...

လျန်ရှန့်ပေါ်က ကမန်းကတမ်း ပြောလိုက်သည်။ ဝမ်ရိပေါ်က အံ့ဩသလို ကြည့်လေသည်။

*Show ပွဲ...ငါ မပြောမိပါလား...ဘာအတွက်လဲ...ဘယ်သူ လုပ်တာလဲ...

*ဒီလိုပါ CEO...အခု ဈေးကွက်မှာ စုံစမ်းကြည့်လိုက်တော့ fashion show တွေသာ များပြီး...လက်ကိုင်အိတ်တွေနဲ့ ပတ်သတ်တဲ့ Show တွေကျတော့...နည်းနည်း နည်းနေသေးတယ်...ဒါကြောင့် အခု ပထမဆုံး ဝေသာ့ရဲ့ အိတ်ထုတ်လုပ်မှုမှာ...လူ စိတ်ဝင်စားမှု မြင့်တက်အောင်...Show ပွဲပုံစံနဲ့ တင်ဆက်ရင် ပိုကောင်းမလားလို့ပါ...နာမည်ကျော် model တွေနဲ့ သရုပ်ဆောင်တွေကိုပါ ဖိတ်လိုက်ရင်...အရမ်းကို ပေါက်သွားမယ်...ထင်မိတယ် CEO...

လျန်ရှန့်ပေါ်က အားတက်သရော ရှင်းပြလိုက်သည်။ ဝမ်ရိပေါ်က ငြိမ်သက်စွာ စဥ်းစားနေလေသည်။

*အင်းးး...မဆိုးဘူးပဲ...တော်တယ်...အတွင်းရေးမှူးလျန်က အမြင်ရှိတာပဲ...ကုန်ကျစရိတ် အကြမ်းဖျဥ်း တွက်ပြီး ယူလာခဲ့ပါ...ငါ ကြည့်မယ်လေ...ဟုတ်ပြီလား...

Run to (you) (U&Z)Where stories live. Discover now