RT(Y)-14 (U&Z)

1.4K 113 7
                                    

(Unicode)

အလုပ်ထဲ ရောက်နေပေမယ့် ရှောင်းကျန့် စိတ်တို့က အရင်လို လန်းဆန်း မနေခဲ့။ ဝတ္တရား မပျက် CEO ဝမ်အတွက် မနက်စာနဲ့ နေ့လည်စာကိုတော့ စီစဥ်မြဲ။

*ရှောင်း ခင်ဗျား စိတ်မပါရင်...ဒါတွေ စီစဥ်မပေးလည်း ဖြစ်တယ်...

ရှောင်းကျန့်ကို မကြည့်ဘဲ ဝမ်ရိပေါ်က ပြောလိုက်သည်။

*မဟုတ်တာ...ကျွန်တော် စီစဥ် ပေးနေကြပဲဟာ...အထူးတလည် မဟုတ်ပါဘူး CEO...ရပါတယ်...

ဒါပေမဲ့...ဘာလို့ CEOက...အခုထိ...ငါ ဌာနပြောင်းမယ့် အကြောင်းကို မမေးသေးတာလဲ...မသိသေးလို့လား...မဖြစ်နိုင်တာ...

ရှောင်းကျန့် တယောက် CEO ဝမ် အတွက် နေ့လည်စာ ပြင်ပေးရင်း စဥ်းစားနေမိသည်။

*Hello CEOဝမ်...နေ့လည်စာ စားတော့ မလို့လား...ကျွန်တော် အချိန်ကိုက် ရောက်လာတာပဲ...

ရုတ်တရက် ရံုးခန်းထဲကို ဝင်လာတဲ့ လျန်ရှန့်ပေါ် ကြောင့် ရှောင်းကျန့် အတွေးတို့ ရပ်သွားရသည်။ CEOဝမ်က လျန်ရှန့်ပေါ်ကို ခပ်စိမ်းစိမ်း လှမ်းကြည့်​ေလသည်။ အပြင် ရုံးခန်းမှာလည်း အားလုံးက နေ့လည်စာ သွားစားနေပြီမို့ မည်သူမျှ မရှိ။

*မင်း ခွင့်မတောင်းတတ်ဘူးလား လျန်ရှန့်ပေါ် ...ယဥ်ကျေးမှု မရှိလိုက်တာ...ထွက်သွားစမ်း...

ရုတ်တရက် ထအော်လိုက်တဲ့ CEOဝမ်ကြောင့် လျန်ရှန့်ပေါ် မျက်နှာလေး ပျက်သွားရသည်။ ရှောင်းကျန့်လည်း လန့်ကာ တုန်ယင်သွားရသည်။

*တောင်းပန်ပါတယ် CEOဝမ်...ကျွန်တော်က အတွင်းရေးမှူးရှောင်းဆီ လာတာပါ...CEOရော ရှိနေလို့ ဝမ်းသာပြီး...

လျန်ရှန့်ပေါ်က အမြန်ဆုံး ဖြေရှင်းရန် ကြိုးစားလိုက်သည်။ ရှောင်းကျန့် ရှေ့မှာ အအော် ခံလိုက်ရတာကိုလည်း သူ သဘောမကျဘူးလေ။

*အတွင်းရေးမှူး ရှောင်းဆီ...ဘာကိစ္စလဲ...

လျန့်ရှန့်ပေါ် စကား မဆုံးခင်မှာပင် ဝမ်ရိပေါ်က မျက်မှောင်ကြုံကာ မေးလိုက်သည်။

*အာ...CEO မသိသေးဘူးလား...အတွင်းရေးမှူးရှောင်းက ဒီလကုန်ရင် ဌာန ပြောင်းမလို့လေ...အဲ့ဒါ CEOဝမ်ကို စိတ်မချလို့...သူ့နေရာအတွက်...ကျွန်တော့်ကို အစားထိုး...ထိုး...

Run to (you) (U&Z)Where stories live. Discover now