(Unicode)
မြို့အစွန်ဘက် စိတ်ငြိမ်ရပ်ကွက် တခုထဲက လျန်လုရဲ့ အပန်းဖြေစံအိမ်မှာ အသက် ၅၀ ပြည့် မွေးနေ့အတွက် နေ့လည်စာ စားပွဲကို ကျင်းပနေကြသည်။ မြက်ခင်းပြင်မှာ စားပွဲများချကာ ပြင်ဆင်ထားသည်။
*ဟေး...ရိပေါ်...လာ...
မင်း မေမေရော မပါဘူးလားကွ...ဝမ်ရိပေါ် ကားထဲမှ ထွက်လိုက်တာနဲ့ လျန်လုက လှမ်းနှုတ်ဆက်သည်။
*မပါဘူး အန်ကယ်လ်လျန်...မာမားက ပါပါး မရှိကတည်းက ဒီလို ပွဲမျိုးတွေ အတွက်...အပြင်ထွက်ဖို့ကို ခေါ်လို့ရတာ မဟုတ်ေတာ့ဘူးလေ...
ဝမ်ရိပေါ်က ခပ်အေးအေး ပြန်ပြောလိုက်သည်။ လျန်လုက ပြုံးကာ ခေါင်းငြိမ့်ေလသည်။
*ဒါပေါ့...ဒါပေါ့...မင်း လာတာနဲ့တင် အဆင်ပြေပါတယ်လေ...ဒါတောင် dinner လုပ်ချင်တာ...မင်းက ညနက်တဲ့အထိ နေရတာ...အဆင်မပြေဘူးဆိုလို့...
လျန်လုက ဝမ်ရိပေါ်ကို ကြိုဆိုရင်း ပြောလိုက်သည်။
*ကျေးဇူးပါ အန်ကယ်လ်လျန်...ေဩာ်...Happy birthday ပါ...
ဝမ်ရိပေါ်က ဗူးလေးတခုကို လျန်လုဆီ ပေးလိုက်သည်။
*ကျေးဇူးပါ ရိပေါ်...တကယ်ဆို ဘာမှ မလိုပါဘူး...မင်း ရောက်လာတာနဲ့တင် ပြည့်စုံနေပါပြီ...လာ...တခုခု စားရအောင်...
လျန်လုက ဦးဆောင်ပြီး buffet ပြင်ဆင်ထားရာ စားပွဲများဆီ ထွက်ခဲ့သည်။
*ဟေး...လျန်လု...
*ဟာ...ချုံချီ...ရောက်ပြီလား...
ရိပေါ်...အားမနာနဲ့နော်...ကြိုက်တာသာ စား...အန်ကယ်လ် သူငယ်ချင်းနဲ့ ခဏလောက် စကား သွားပြောပြီး ပြန်ခဲ့မယ်...*ရပါတယ် အန်ကယ်လ်လျန်...သွားပါ...
လျန်လုက ဝမ်ရိပေါ်ကို ထားခဲ့ပြီး နှုတ်ဆက်လာတဲ့ မိတ်ဆွေဆီ ထွက်သွားလေသည်။ ဝမ်ရိပေါ်ကတော့ စားစရာများကို ရွေးချယ်ရင်း ကျန်ခဲ့လေသည်။
✏ ✏✏ ✏✏✏
*ဝမ်ကော...
နောက်ဘက်မှ ခေါ်သံကြောင့် ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။
*လျန်ရှန့်ပေါ်...မင်းက ဘာလို့...
အာ...မင်း ဦးလေးရဲ့ မွေးနေ့ပဲ...မင်း လာရမှာပေါ့...
YOU ARE READING
Run to (you) (U&Z)