(Unicode)
ရုံးခန်းတံခါး ဖွင့်နေစဥ် ကြားလိုက်ရတဲ့ CEOဝမ်ရဲ့ စကားသံကြောင့် လျန်ရှန့်ပေါ် ကို ရှောင်းကျန့် အားနာသွားမိသည်။
အေးလေ...သူလည်း CEO အနား နေရတော့...မျက်နှာ လုပ်ချင်မှာပေါ့...ပြီးတော့ ငါ့ကို ကူညီထားတဲ့သူ...ဘယ်လို လုပ်ပေးရမလဲ...တယောက် တလှည့်စီ စီစဥ်ရင်တော့ အဆင်ပြေမလားပဲ...ဒီလောက်တော့ CEOက ရမှာပါ...
အတွေးနဲ့အတူ ရုံးခန်းထဲကို ရှောင်းကျန့် ဝင်လိုက်သည်။ ထို့နောက် CEOဝမ်အတွက် မနက်စာကို လင်ပန်းလေးထဲ ထည့်ကာ ရှေ့မှာ ချပေးလိုက်သည်။
္*CEO...မနက်စာ...
*အင်း...ထားခဲ့...
အတွင်းရေးမှူးရှောင်း...ခင်ဗျား design အကြောင်း ဘာမှ မသိဘူးနော်...ဒီဝတ်စုံတွေမှာဆို ခင်ဗျား ဆွဲထားတာတွေက တော်တော် ဆိုးတယ်...လုံးဝ အဆင်မပြေဘူး...ရုံးထဲ ရောက်ရောက်ချင်း CEOဝမ် ရဲ့ အပြောကြောင့် ရှောင်းကျန့် မျက်နှာလေး ငယ်သွားရသည်။
*ဟုတ်...ကျွန်တော် လေ့လာေနဆဲပါ CEO...
*design သဘောက လေ့လာရုံနဲ့ မရဘူး အတွင်းရေးမှူးရှောင်း...ကျွန်တော်ကလည်း ခင်ဗျားကို အချိန်ပေးပြီး သင်ပေးနေရအောင် မအားဘူး...ခင်ဗျားကလည်း တာဝန်ယူရတာက design အတွက် ဆိုတော့...သင်တန်းတက်ပြီး စနစ်တကျ သင်မှ...သေချာ နားလည်နိုင်မှာ...
ခဏ...ခင်ဗျား အတွက် ညနေပိုင်း Design Diploma သင်တန်း ရှာထားတယ်...၂နှစ် တက်ရမယ်...ကျောင်းလခကို ကုမ္ပဏီက ပေးမယ်...တခုတော့ ရှိတယ်...ခင်ဗျား စာမေးပွဲကျလို့ မရဘူး...နောက်ပြီး diploma ရပြီးရင် ဒီကုမ္ပဏီမှာပဲ...ကျွန်တော့် လက်အောက်မှာ ၂နှစ် ပြည့်အောင် လုပ်ပေးရမယ်...
အင်းးး...သင်တန်း တက်ချိန်နဲ့ဆို ၄ နှစ်ပေါ့...bond ထိုးရမယ်...
ဘယ်လိုလဲ...စဥ်းစားချင် စဥ်းစားဦးပေါ့...ညနေ ပြန်ပြော...ဘုရားရေ...တကယ်ကြီးလား...
ရှောင်းကျန့်က မယုံကြည်နိုင်သလို CEOဝမ်ကို မျက်လုံးလေး ပြူးကာ ကြည့်သည်။ ဝမ်ရိပေါ်က အရယ်အပြုံး မရှိ ခပ်တည်တည်နဲ့ ပြန်ကြည့်ေနသည်။
*သင်မယ်...သင်မယ်...ညနေအထိ စဥ်းစား စရာမလိုဘူး...သင်မယ်...CEO ကိုလည်း ထိုး...အာ...ဟုတ်ပါဘူး...bond...bond လည်း ထိုးမယ်...
YOU ARE READING
Run to (you) (U&Z)