(Unicode)
*ချင်းချင်းက ဘာဖြစ်သွားတာလဲ ချန်စူး...
စူးစူးဝါးဝါး အော်လိုက်သံကြောင့် ရှောင်းကျန့် လန့်နိုးသွားရသည်။
*အာ...အတွင်းရေးမှူးရှောင်း နိုးသွားတာလား...ဘာမှ မဟုတ်ပါဘူး...နားလည်မှု လွဲသွားတာပါ...နေရတာ သက်သာရဲ့လား...
ချန်စူးက အနားကို လာရင်း ရှောင်းကျန့်၏ အမေးကို ဖြေလိုက်သည်။
*အင်းးး...အဆင်ပြေပါတယ်...ေဩာ်...ရှန့်ပေါ်...မင်းရောက်လာတာနဲ့ အတော်ပဲ..ငါ မင်းကို မေးစရာရှိတယ်...
လျန်ရှန့်ပေါ် ကို မြင်လိုက်ရတဲ့ရှောင်းကျန့်က ပြောလိုက်သည်။ လျန်ရှန့်ပေါ် က ခေါင်းငြိမ့်ပြသည်။
*ကျွန်တော်လည်း ခင်ဗျားကို...ပြောစရာရှိတယ်...
*ချန်စူး...ကျွန်တော်တို့ ခဏလောက် စကားပြောလို့ ရမလား...
ရှောင်းကျန့်က ချန်စူးကို အနားမှာ မရှိစေချင်၍ ပြောလိုက်သည်။ ချန်စူးက အတန်ကြာအောင် ငြိမ်နေပြီးမှ ခေါင်းငြိမ့်လိုက်သည်။
*ကျွန်တော် အခန်းပြင်မှာ ရှိနေမှာမို့...တခုခုဆို ခေါ်လိုက်ပါ အတွင်းရေးမှူးရှောင်း...
*ကောင်းပါပြီ...
ချန်စူးက လျန်ရှန့်ပေါ်ကို ခပ်စူးစူး တချက်ကြည့်ကာ အခန်းပြင်ကို ထွက်သွားသည်။
✏ ✏✏ ✏✏✏
ဆေးရုံခန်းလေးထဲ တိတ်ဆိတ်နေခဲ့သည်။ ရှောင်းကျန့်နဲ့ လျန်ရှန့်ပေါ်သာ မျက်နှာချင်းဆိုင် ရှိနေေလသည်။
*ရှန့်ပေါ်...မင်း ဘာလို့ ငါ့ကို...လိပ်စာ အမှားကြီး ပေးခဲ့တာလဲ...ဘာရည်ရွယ်ချက်နဲ့လဲ...နောက်ပြီး အဲ့လူမိုက်တွေကရော...မင်း စီစဥ်ခဲ့တာလား...
သိချင်ရာကို ရှောင်းကျန့်က ခပ်ပြတ်ပြတ် မေးရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လျန်ရှန့်ပေါ်က သက်ပြင်းချရင်း ကြည့်သည်။
*အမြင်ကတ်လို့...
*ဘာ...
*ဟုတ်တယ်...CEO နဲ့ အရင်ဆုံး တွေ့ခဲ့တာက...ကျွန်တော်...
ဒါပေမယ့် ခင်ဗျားက နေရာ ဝင်ယူသွားတယ်...ဒါကြောင့် CEO ဘေးမှာ ထပ်မမြင်ချင်လို့ လုပ်ခဲ့တာ...
YOU ARE READING
Run to (you) (U&Z)