RT(Y)-11 (U&Z)

1.5K 105 3
                                    

(Unicode)

board meeting room .....

*ဘယ်လိုလဲ...server breakdown ဖြစ်လို့ဆို...အဆင်ပြေကြရဲ့လား...

board အဖွဲ့ဝင်တွေက စိုးရိမ်တကြီး မေးကြသည်။

*ပြေတယ် ဆိုပေမယ့် သိပ်​ေတာ့ မပြေဘူးပေါ့...ပြီးခဲ့တဲ့ တပါတ်အတွင်းက ပုံတွေ...အားလုံး ပျက်သွားတယ်လေ...အဲ့တော့ ဒီနေ့က အကြမ်းဖျဥ်းလောက်ပဲ ပြနိုင်မယ် ထင်တယ်...နောက်ပြီး accessory ထည့်မယ့်...အနေအထားလေးတွေကို ပြောပြမယ်ပေါ့...နောက်တပါတ်လောက်မှပဲ...အချောသတ် ပုံတွေ ပြနိုင်လိမ့်မယ် ထင်ပါတယ်...

လီချန်ဟုတ်က စိတ်မသက်သာစွာနဲ့ ပြောလိုက်သည်။ ကျန် CEO များနဲ့ design team တွေကတော့ အခြေအနေကို ကြည့်နေကြသည်။

*အင်း...အချိန်တွေ ကြာသွားရင်...စျေးကွက်ထဲမှာ ပြဿနာတော့ ရှိမယ်နော်...ဒါကိုတော့ သတိထား စေချင်တယ်...

board အဖွဲ့ဝင်တွေက စိတ်ပူပန်စွာ ပြောသည်။

*ဟုတ်ပါတယ်...ဒါပေမယ့်...

လီချန်ဟုတ်က စောဒကတက်ရန် ပြင်လိုက်သည်။

*ကဲပါလေ...ရသလောက်ပဲ ကြည့်ပြီး...နောက်တပါတ်မှ နမူနာ ထုတ်ဖို့ ကြိုးစားရမှာပေါ့...ဘယ် team က စမလဲ...

*အစ်ကိုလီကပဲ စလိုက်ပါ...

ကျောက်မုလုံက ဝင်ပြောလိုက်သည်။

*ကဲ...ဒါဆိုရင် CEO လီရဲ့ team က...design နမူနာလေး ကြည့်ရအောင်...ပြပါဦး...

လီချန်ဟုတ် အဖွဲ့မှ design တာဝန်ခံနဲ့ ရေးဆွဲသူတို့ ထွက်လာကာ projector မှာ ရှင်းပြကြသည်။ ဝမ်ကျို့မင်ရဲ့ design အကြမ်းပုံကို အနည်းငယ် မွမ်းမံထားရုံမှ တပါး အထွေအထူး အသစ်အဆန်း ဖြစ်မနေခဲ့။

*ဒါက office staff အတွက်ဆိုရင်...နည်းနည်းများ ကျဥ်းကြပ် နေမလားလို့...အိတ်ပုံစံကလည်း အရမ်း flat ဖြစ်ပြီး tight ဖြစ်နေသလို ခံစားရတယ်...အဲ့တော့ ပစ္စည်းထည့်မယ် ဆိုရင် သိပ် မဆန့်သလိုမျိုးပေါ့...အများအားဖြင့်က office staff တွေမှာ...ဖုန်းရယ် ပိုက်ဆံအိတ်ရယ်...နောက်ပြီး note book နဲ့ တခြား makeup ပစ္စည်း အတိုအထွာလေးတွေပေါ့...ဒါက ပုံမှန်ဆိုတော့...အဲ့ဒါတွေ ထည့်လိုက်မယ် ဆိုရင်...ဒီအိတ်က အခုလို ပုံမကျတော့ပဲ...ပုံပျက်သွားမယ် ထင်တယ်...ကျန်တဲ့ လူကြီးမင်းတွေရော ဘယ်လို ထင်လဲ...

Run to (you) (U&Z)Where stories live. Discover now