"*မနက်အစောပိုင်းတွင် ကောင်းကင်တစ်ခွင်၌ ကြယ်လတို့ပျောက်ကာ နက်မှောင်သောမိုးသားများက နေရာလပ်မရှိ အပြည့်ဖြစ်နေတယ်
လေပြည်ညင်းတို့က အေးစက်သောအငွေ့အသက်တို့အပြည်ဖြင့် တိုးဝေ့တိုက်ခတ်နေတယ်............မိုးရာသီမှာ မနက်အာရုံတက်ချိန် မိုးသားအပြည့်ဖြင့် လေပြည်ညင်းတို့တိုက်ခတ်နေချိန်ဆို သိပ်အိပ်လို့ကောင်းတာ......................
ခွင်းကတော့ အိပ်ယာထရတော့မယ့်အချိန်ဆိုတာ သိနေပေမယ့် မထချင်ဘူးဖြစ်နေတယ်.............
" ဒေါက် ဒေါက် ဒေါက်
မြေးရေ.....ထတော့လေ......၅နာရီ ၁၅မိနစ်ဖြစ်နေပြီလေ.......ဘုရားရှိခိုးရမယ့်အချိန်ရောက်နေပြီ......
ဟုတ်.......နိုးနေပါပြီဘွား....သမီးလာခဲ့မယ်...........
အေးအေး.......နောက်မကျစေနဲ့နော် ဘွား....ဘုရားခန်းမှာ စောင့်နေမယ် ကြားလားမြေး
ဟုတ်..............ကဲ့.................ဘွား...............
ဒေါ်နံ့သာခွင်း.......ဟုတ် နဲ့ ကဲ့ ကို တစ်လုံးချင်းခွဲပြောနေတဲ့မြေးဖြစ်သူအကြောင်းကိုသိနေတဲ့အတွက် ဘာမှဆက်မပြောတော့ဘဲ ဘုရားခန်းကိုသာထွက်လာခဲ့တယ်...............
::::::::::::::::::::: :::::::::::::::: ::::::::::::: ::::::::::::::::
လင်း ဒီနေ့ အထက်တန်းပထမနှစ်ဖြစ်တဲ့ အဋ္ဌမတန်းကို စတက်ရမယ့် နေ့ဖြစ်တာမို့ မနက်၅နာရီမှာ နိုးနေတာ................
အိပ်ရာမှထကာ ပြတင်းပေါက်အနားသွားကြည့်တော့ မိုးသားအပြည့်နှင့် လေပြည်ညင်းတို့က တရွေ့ရွေ့တိုက်ခတ်နေတာကိုတွေ့လိုက်ရတယ်
အင်း......ပထမဆုံးရက်မှာ မိုးအေးအေးနဲ့ ကျောင်းတက်ရတော့မှာပဲ...........
မိုးကတော့မရွာသေးဘူး ကျောင်းသွားချိန်မှရွာမလားမသိဘူး
ရန်ကုန်မှာဆို သူတို့ကျောင်းသားကျောင်းသူတွေ ကျောင်းတက်ချိန်ကျောင်းဆင်းချိန်မှ ကွက်တိ ရွာချတာပြင်ဦးလွင်မိုးကတော့ ဒီလိုမဖြစ်လောက်ဘူးထင်ပါတယ်
မျက်နှာသစ်ရတော့မယ်။ဘိုးက မနက်၆နာရီတိုင်း မနက်စာစားချိန်လို့ ပြောထားတာ
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား